"အစ်ကို အစ်ကိုဘာပြောလိုက်တယ်"
"ကိုယ် မင်းကိုချစ်တယ်လို့ပြောလိုက်တာလေ"
ညိုလုံးလေးက နားမလည်သလို သူ့မူပိုင်မျက်လုံးဝိုင်းဝိုင်းလေးနဲ့မော့ကြည့်လာပြန်တယ် အဲမျက်လုံးဝိုင်းဝိုင်းလေးက စဝ် ညိုလုံးလေးပေါ် ကျဆုံးစေတဲ့အကြောင်းပြချက်တွေလေ
"အစ်ကိုက လာစနေပြန်ပြီ ကျွန်တော်စိတ်ဆိုးနေတာနော် မစနဲ့တော့"
စဝ် ညိုလုံးလေးရဲ့လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး
"ဒီမှာ ကိုယ့်မျက်လုံးတွေကိုကြည့် ကိုယ့်ပုံစံကစနေတဲ့ပုံစံပေါ်နေလို့လား"
ညိုလုံးလေးက စဝ် မျက်နှာကို စဉ်းစားရခက်တဲ့ပုံစံလေးနဲ့ ငေးမောကြည့်နေတယ်
"ဒီလက်စွပ်ကိုကြည့်"
အစ်ကိုက ကန့်တော့်ခန်းတုန်းက ပေါ့နဲ့ မယ်ကဝတ်ပေးလိုက်တဲ့ သူတို့ရဲ့မင်္ဂလာဦးလက်စွပ်လေးကို ကြည့်ခိုင်းတာကြောင့် ဆုလာဒ်အစ်ကို့လက်ကိုငေးကြည့်လိုက်မိတယ် လက်စွပ်က ရွှေရောင်မှာ ပတ္တမြားအသေးလေးတွေမြှပ်နှံထားတဲ့ ဒီဇိုင်းပုံစံလေး လက်စွပ်က ဆုလာဒ်လို ကျောက်အကြောင်းမသိတဲ့လူတောင် သိန်းပေါင်းများစွာ တန်မယ်လို့ခန်မှန်းမိတယ်
"ဒီလက်စွပ်က ကိုယ်တို့မျိုးနွယ်ရဲ့ဖူးစာရေးလက်စွပ် တနည်းအားဖြင် ချစ်ခြင်းမေတ္တာတွေရှိနေမှာ ဒီလက်စွပ်က ဝတ်လို့ရတာ"
"ချစ်ခြင်းမေတ္တာတွေရှိနေမှ အဲဒါက"
"ညီ သတိထားမိလားမသိဘူး ညီ့ကိုမယ်မယ်က လက်စွပ် စွပ်ပေးတဲ့အချိန် လက်စွပ်ကညီနဲ့ကွက်တိတော်နေတယ်လေ"
"ဟုတ်တယ် ကျွန်တော်တောင်အံ့သြနေတာ မယ်မယ်နဲ့ကျွန်တော်ကလက်အတိုင်းတူနေတာလားလို့"
"ဒီလက်စွပ်ရဲ့ထူးခြားချက်က လက်စွပ်ဝတ်မယ့်လူ2ယောက်မှာ နှစ်ယောက်လုံးကဖြစ်စေ တယောက်ကဖြစ်စေ ချစ်ခြင်းမေတ္တာပြည့်ဝနေတယ်ဆိုရင် ဒီလက်စွပ်ကို ဝတ်လို့ရတယ် မယ်နဲ့ပေါ့တောင် ဒီလက်စွပ်ကို အိမ်ထောင်ကျပြီ6းလလောက်နေမှဝတ်လို့ရတာ"
YOU ARE READING
mysterious fate
General FictionZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး