စဝ် ဓာတ်လှေကားပိတ်ခါနီးမှာ ပြေးလာတဲ့ ခြေသံတွေကြားလိုက်တာကြောင့် holdလုပ်ထားပြီး စောင့်နေလိုက်မိတယ် ခနနေတော့ first year ကလေးသုံးယောက်ထင်တယ် ဓာတ်လှေကားထဲမဝင်ပဲ သူနဲ့ လဝန်းကိုပြူးပြူးလေးကြည့်နေတာကြောင့်
" ကလေးတို့လိုက်မှာလား "
"လိုက်မှာ လိုက်မှာ လာ prize နဲ့ ဇာနည် "
တဦးတည်းပါတဲ့ မိန်းကလေးက ကောင်လေး2ယောက်ကို လက်ဆွဲပြီး ပြေးဝင်လာတယ်
နာမည်ကလည်း ထူးထူးဆန်းဆန်း prizeတဲ့ prizeဆိုတော့ ဆုလာဒ် ပေါ့ ဓာတ်လှေကားက အထပ်နံပါတ်ကို ထပ်မနှိပ်တော့ သူတို့မေဂျာကိုပဲ သွားမှာပေါ့
"ကိုမင်း
အင်း လဝန်း"
"နောက်တပါတ် seminar ရှိတယ်ပြောတယ် လဝန်းခုမှ ကြော်ငြာboardကိုမြင်ပြီးသတိရလို့"
"ဟုတ်လား ဘယ်မှာလဲ"
"Main buildingမှာတဲ့ လဝန်းကနောက်တပါတ် ချိန်းထားတာရှိလို့ပါဆို"
"လဝန်းသွားရင်သွားလေ ကိုယ်လဝန်းအစားလက်မှတ်ထိုးပေးထားမယ် "
"အာ အဲလိုလုပ်ပေးမလား ကျေးဇူးပါ ကိုမင်း "
တီ
သတ်မှတ်အထပ်ရောက်တော့ အသံမြည်ပြီး ပွင့်လာတဲ့ တံခါးကနေ ဟိုကလေးသုံးယောက် ဌာနမှူးခန်းထဲ ဝင်သွားတာကိုတွေ့လိုက်တယ်
"ဒီနှစ် first yearကလေးတွေချစ်ဖို့ကောင်းတယ်နော် ကိုမင်း အလယ်က အသားညိုညိုကောင်လေးက ဟိုတခါက ကိုမင်းကိုတက်နင်းမိပြီး စိုက်ကြည့်နေတဲ့ ကောင်လေးမလား"
"ဟုတ်လား ကိုယ်သတိမထားမိလိုက်ဘူး"
"အင်း လဝန်း က အဲကလေးကပုပုလုံးလုံးလေးမလို့သတိထားမိလိုက်တာ ချစ်စရာလေး"
လဝန်းပြောတာ prizeဆိုတဲ့ ကောင်လေးထင်တယ် အသားဖြူဖြူ ရှည်ရှည်သွယ်သွယ် သူငယ်ချင်း2ယောက်ကြားမှာ ညိုလုံးလုံးလေး ဖြစ်နေတာ တကယ်ကိုချစ်ဖို့ကောင်းလွန်းတယ် ဓာတ်လှေကားထဲ ရောက်ကတည်း သူနဲ့လဝန်းကိုကြည့်ပြီး ဘာတွေပြောနေလဲမသိဘူး လှည့်ကြ လှည့်ကြည့်နဲ့ ပြုံးနေကြတာ
ESTÁS LEYENDO
mysterious fate
Ficción GeneralZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး