အခန်း(27)

27.2K 2.2K 39
                                    

"မင်းမင်း သူအရမ်းထိုင်​ချင်​​နေတဲ့ခုံ​ပေါ်မှာ Mr.S ကိုထိုင်​ခိုင်းလိုက်​ပါအုံး"

"ငါ့ကိုလွှတ်​စမ်း မင်းတို့​တွေ"

Mr.S ကရုန်းကန်​​အော်​ဟစ်​ဖို့ ကြိုးပမ်း​နေပင်​မယ့်​ ယာယီအ​ကြော​သေ​ဆေး ထိုးထားတာ​ကြောင့်​ အသံသာ ထွက်​နိုင်​ပြီး မင်းမင်းဆွဲ​ခေါ်တဲ့​နောက်​ အရုပ်​တခုလိုသာ ပါသွား​တော့တယ်

"​ဖောင်း"

"အား...."

ဒူး​ခေါင်းနား​လောက်​ကို ​ဘေ့စ်​​ဘောရိုက်​တံ ရိုက်​ချလိုက်​တာ​ကြောင့်​ Mr.S ရဲ့အသံကဂို​ထောင်​ထဲမှာ ပျံ့နှံသွား​တော့တယ်

"အသံနည်းနည်းတိုးစမ်းပါ အရမ်း​အော်​တာပဲ"

ဆက်​တိုက်​ရိုက်​ချက်​​တွေ ထွက်​လာပြီးတဲ့​နောက်​မှာ Mr.Sတ​ယောက်​ နာလွန်းလို့ မူး​မေ့သွား​တော့တယ်

"လွှတ်​လိုက်​​တော့"

ကိုယ်​ရံ​တော်​နှစ်​​ယောက်​က ချုပ်​ထားတာက​နေလွှတ်​​ပေးလိုက်​​တော့ Mr.S ကိုယ်​ကြီးက သမံတလင်း​ပေါ်ပြုတ်​ကျသွား​တော့တယ်

"ကဲမိန်းက​လေး မင်းကဒီဦးထုပ်​​လေးကို​ဆောင်းရတာသ​ဘောကျတယ်​မလား"

"​တောင်းပန်​ပါတယ်​ မဟုတ်​ပါဘူး"

"မင်း ဦးထုပ်​​ဆောင်းလို့ရ​အောင်​ လုပ်​​ပေးမလို့ပါ အဲ​လောက်​မ​ကြောက်​ပါနဲ့"

စဝ်​မျက်​ရိပ်​ပြလိုက်​တာနဲ့ လူနှစ်​​ယောက်​က စဝ်​ ​ဘေးနားကို မိန်းက​လေးဆွဲ​ခေါ်လာ​တော့တယ်

ဆံပင်​ရိတ်​စက်​ရဲ့တဂျီဂျီ မြည်​သံနဲ့အတူ အ​ထွေလိုက်​အ​ထွေလိုက်​ ကျလာတဲ့ဆံပင်​​တွေက သမံတလင်းမှာပျံကျဲလို့​နေ​တော့တယ်

"ဒီ​ဆေး​လေးက ​တော်​​တော်​​ကောင်းတယ်​​ပြောတယ်​ တခါသုံးပြီး 3 4နှစ်​​လောက်​က ဘာအ​မွှေးမှပြန်​မ​ပေါက်​ဘူးတဲ့"

"အာ မလုပ်​နဲ့ မလုပ်​ပါနဲ့"

ခေါင်းတခုလုံး ​ဆေး​တွေလိမ်းပြီးတဲ့​နောက်​မှာ မိန်းက​လေးအ​ကြောက်​လွန်​ပြီးသတိ​မေ့သွား​တော့တယ်

mysterious fateWhere stories live. Discover now