အစ်ကိုက ဆုလာဒ်နားကို လျှောက်လာပြီး ဆုလာဒ်ကိုနမ်းပြီးတာနဲ့ ဆုလာဒ်ကိုယ်ကို ဆွဲပွေ့ပြီး သူ့ပေါင်ပေါ်ဆွဲတင်လိုက်တယ်
"ကောကော"
"ဘာလို့အဲလောက်စကားတတ်နေတာလဲ ပေါင်ပေ့လေးရဲ့"
"ကောကောကလည်း"
"ပေါင်ပေ့ နဲ့ ကိုယ်နဲ့ အလောင်းအစားတခု လုပ်ကြမလား"
အစ်ကိုက ဆုလာဒ်ကို ဆံပင်တွေကိုတဖွဖွနမ်းနေတယ်
"ဘာကိုလောင်းမှာလဲ"
"ပေါင်ပေ့ လေးတို့ စာမေးပွဲက 8ဘာသာဖြေရမှာမလား"
"အင်း"
"ကိုယ်က အဲဘာသာတွေအတွက် မေးခွန်းခန့်မှန်းပေးမယ် ပါမယ့်အပုဒ်တွေကို"
"တကယ်ကြီး မေးခွန်းခန့်မှန်းပေးမှာလား"
"အလောင်းအစားလုပ်မှာလေ"
"ကိုယ်ခန့်မှန်းပေးတဲ့ အပုဒ်တွေ စာမေးပွဲမှာပါလာရင် ကိုယ် တောင်းဆိုတာတခုကို ပေါင်ပေ့က လိုကလျောပေးရမယ်"
"တကယ်လို့မပါရင်ရော"
"မပါရင် တော့ ပေါင်ပေ့တောင်းဆိုတာတခုကို ကိုယ်ကပြန်လိုက်လျောပေးမယ် deal လား"
"ကောကောက ဘာတွေတောင်းဆိုမှာလဲ"
"ပေါင်ပေ့ လက်ခံနိုင်တဲ့ အရာမျိုးပဲတောင်းဆိုမှာပါ ကိုယ်က ဘယ်တုန်းက ပေါင်ပေ့ စိတ်ညစ်အောင်လုပ်ဖူးလို့လဲ"
"အဲဒါဆို deal"
"လာ ဒါဆို ကိုယ်ရွေးပေးမယ်"
"သခင်လေး အောက်ထပ်မှာ ဒုတိယအိမ်တော်က မမလေး လဝန်းနဲ့ တတိယအိမ်တော်က မမလေး စန္ဒာတို့ရောက်နေပါတယ်"
အစ်ကိုနဲ့ ဆုလာဒ်စာသင်နေတုန်း interconကနေ ဦးစိုင်းရဲ့အသံထွက်လာတာကြောင့် အစ်ကိုက
"ခနစောင့်နေဖို့ပြောလိုက် ဦးစိုင်းကျွန်တော်တို့ ဆင်းခဲ့မယ်"

ESTÁS LEYENDO
mysterious fate
Ficción GeneralZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး