"ကိုယ် ဟိုတနေ့ကပဲ ညီ့ card တွေထဲပိုက်ဆံထည့်ပေးထားတယ်လေ"
"ဟွန်း အဲဒါ cardထဲထည့်တာလေ ညီက မုန့်ဖိုး လိုချင်တာပါဆို"
ညီကခေါင်းလေးယမ်းရင်း လက်ဖဝါးဖြန့်ပြီး အတင်းတောင်းနေတာကြောင့် စဝ်ရီလိုက်ရင်း
"ဟ ဟ ဟုတ်ပါပြီ ညီရယ် ဘယ်လောက်ယူမလဲ"
"ဖေနဲ့မေကတော့ ကျောင်းတက်တဲ့နေ့တိုင်း တရက်ကို တသောင်းပေးတယ် အစ်ကိုကတော့ အဲထက်နည်းနည်းလေးပိုပေးပေါ့နော်"
သူ့ကိုမုန့်ဖိုးပိုပေးဖို့ လက်ဟန်ခြေဟန်နဲ့ ပြနေတဲ့ ညီက အရမ်းကိုအသဲယားဖို့ ချစ်ဖို့ကောင်းလွန်းတာကြောင့် စဝ်အသဲယားပြီး ညီ့လက်လေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိတယ်
"ညီရယ် ချစ်ဖို့ကောင်းအောင်လုပ်နေပြန်ပါပြီ ရော့ ငါးရက်စာ နှစ်သိန်းခွဲ လိုချင်သေးလား"
စဝ်က တစ်သောင်းတန် နှစ်ဆယ့်ငါးရွက် ထုတ်ပေးလိုက်တော့ ညီက ငါးရွက်ပဲယူထားပြီး ကျန်တာကို စဝ်ကို ပြန်ပေးပြီး
"မုန့်ဖိုးဆိုတာ တနေ့တခါတောင်းရတာ ကျန်တာ အစ်ကိုပြန်ယူထား နောက်နေ့မှထပ်တောင်းမယ် တာ့တာ အစ်ကို မုန့်ဖိုးအများကြီးပေးလို့ အစ်ကို့ကို နည်းနည်း သေးသေးလေး ချစ်သွားပြီ"
ပြောရင်း ပြေးထွက်သွားတဲ့ ညီ့ကို ကြည့်ပြီး စဝ် ပြုံးနေလိုက်မိတယ်
"တကယ့် ကလေးလေးပါကွာ"
ဆုလာဒ်အစ်ကိုပေးတဲ့ ပိုက်ဆံ5ရွက်ကို အိတ်ထဲသေချာထည့်ရင်းပျော်ရွှင်နေမိတယ် ဆုလာဒ်ရဲ့ ATM cardတွေထဲကို အရင်နေ့တွေကတည်းက အစ်ကို ပိုက်ဆံအပြည့်ဖြည့်ပေးထားတာသိပင်မယ့် မုန့်ဖိုးတောင်းရတာ ဆုလာဒ်ရဲ့ ဝါသနာလိုဖြစ်နေတာ ဆုလာဒ်က အိမ်မှာအငယ်ဆုံး ဖြစ်နေလို့လားမသိဘူး လက်ဖဝါးဖြန့်ပြီး ပိုက်ဆံတောင်းပြီး ရရင် အရမ်းပျော်တာ အိမ်မှာဆို ကျောင်းသွားခါနီးရင် တအိမ်လုံး ပါတ်ပြီး မုန့်ဖိုးတောင်းနေကြလေ
ESTÁS LEYENDO
mysterious fate
Ficción GeneralZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး