စဝ် ကားကို အမြန်မောင်းပြီး ချစ်လုံးတို့နောက် အမြန်လိုက်လာခဲ့မိတယ် ချစ်လုံးလေးကိုတယောက်တည်းလွှတ်လိုက်မိတာကိုလည်း နောင်တရနေမိတယ်
စဝ် ကားမောင်းနေရင်း ရှေ့နားလေးမှာ ချစ်လုံးလေးကားကို လှမ်းတွေ့လိုက်တော့ မှ စိတ်ထဲအေးသွားမိတယ်
"ဟင်"
ချစ်လုံးတို့ကားကို မှီခါနီးလေးမှာပဲ လမ်း ကြားထဲက ထွက်လာတဲ့ ကုန်ကားတစ်စီးက ချစ်လုံးကားစီကို ဦးတည်ပြီး ဝင်တိုက်ဖို့ ကြိုးစားနေတာကြောင့် စဝ် မျက်လုံးတွေ တောင် ပြာသွားတယ် ဘယ်လိုမှ မလွှတ်နိုင်တဲ့အခြေအနေကြောင် စဝ် ကား2စီး ကြားကို ဖြတ်ဝင်လိုက်မိတယ်
"ဝုန်း"
ဝုန်းခနဲမြည်သံနဲ့အတူ ကားအကြီးကြီးက စဝ်မောင်းတဲ့ကားကို ဝင်တိုက်ပစ်လိုက်တာကြောင့် ကားတစ်စီးလုံး ကျွမ်းပစ်သွားပြီး စဝ် ခေါင်းတခုလုံးမူးဝေသွားတော့တယ် စဝ်အားတင်းပြီး ချစ်လုံးလေးတို့ကား ကိုလှမ်းကြည့်လိုက်တော့ အန္တရာယ်ကင်းတာကြောင့် နာကျင်နေတဲ့ ကြားကပြုံးလိုက်မိတယ်
တဖြည်းဖြည်းမူးဝေလာပြီး သခင်လေးဆိုပြီး အော်ပြီး မင်းမင်းတို့ပြေးလာတဲ့ ပုံရိပ်တွေကိုကြည့်ရင်း လဲကျသွားတော့တယ်
"သခင်ငယ်လေး သခင်ငယ်လေး"
ကိုကြီးရဲ့ကားက ဆုလာဒ်ရဲ့မျက်စိရှေ့မှာပဲ မှောက်သွားတာကို ဆုလာဒ်ကြောင်ပြီး ငေးနေမိတယ် ကိုကြီး ကားနောက်မှာ ပါတဲ့ ကိုမင်းမင်းနဲ့ ကို ဝေယံ ပြေးသွားတာလည်း ဆုလာဒ်မြင်တယ် သက်တော်စောင့်တွေပြေးသွားတာလည်း ဆုလာဒ်မြင်ပင်မယ့် ဆုလာဒ် ကြောင်ပြီးသာ ကြည့်နေမိတယ် ကိုကြီးကို စိတ်ပူလွန်းလို့ အပြေးသွားကြည့်ချင်ပင်မယ့် ဆုလာဒ်ခြေထောက်တွေ က နည်းနည်းမှ လှုပ်လို့မရဘူး မျက်ရည်တွေပဲအဆက်မပြတ်ကျနေပြီး အဆက်မပြတ်အော်နေပင်မယ့် ဆုလာဒ်ပါးစပ်က ကိုကြီးတခွန်းပဲထွက်လာပြီး ဘာအသံမှထက်ထွက်မလာတော့ဘူး

VOCÊ ESTÁ LENDO
mysterious fate
Ficção GeralZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး