Dancing floor ကိုဆင်းသွားတဲ့ ညီက ခေတ်လူငယ်ပီပီ အမိုက်စားကနေတာကြောင့် clubကလူတွေတောင် ညီ့နားဝိုင်းအုံလာတော့တယ် ဘန်ကောက်က LGBTကိုလက်ခံတဲ့နိုင်ငံလည်းဖြစ်တာကြောင့် ညီ့နားမှာ ဘဲတွေ ပါ ကပ်လာတော့တယ် စဝ် ညီ့ကို လွတ်လွတ်လပ်လပ်နေစေချင်တာကြောင့် အဝေးကပဲကြည့်နေလိုက်တယ် တခုခုဖြစ်ရင်တောင် ညီကလက်သွက်တာကြောင့် သိပ်တော့ စိုးရိမ်စရာမရှိဘူးလေ
"Hey boy"
ဆုလာဒ်ကနေတုန်း ဆုလာဒ်နားကိုကပ်ပြီး အရပ်တော်တော်မြင့်တဲ့ ဘဲကြီးတယောက်ကပ်လာပြီးအနားကပ်ခေါ်လိုက်တာကြောင့် ဆုလာဒ်ကမျက်လုံး ပင့်ပြလိုက်တယ်
"တွဲကရအောင်လေ"
"No husband ကကြိုက်မှာမဟုတ်ဘူး"
"Wow husband ရှိတယ်လား ကိုယ့်ကို ငြင်းချင်လို့ပြောတာ မဟုတ်ပါဘူးနော်"
"ဟိုမှာ အနက်ရောင်ဝတ်ထားတဲ့ လူက ကျွန်တော့ husbandပဲ"
ဆုလာဒ်ပြောပြီး dancing floorကနေဆင်းလိုက်တာကို ဟိုလူကနောက်ကကပ်ပြီးလိုက်လာတယ်လေ
"ညီ မောနေပြီလား"
"အင်း ပြန်ရအောင်"
"Ok"
"Hey wait"
"ဘာကိစ္စရှိသေးလို့လဲ Man"
"မင်းက သူ့ husbandဆို ဟုတ်လား"
အစ်ကို့ကို လက်ညှိုးထိုးပြီးမေးလိုက်တာကြောင့် အစ်ကိုကခေါင်းတချက်ငြိမ့်ပြလိုက်ပြီး
"Yes ဘာမှားနေလို့လဲ"
"No No ok ခွင့်ပြုပါအုံး"
"ကိုယ့် ညီ က တော်တော်စန်းပွင့်တာပဲ"
အစ်ကိုက ဆုလာဒ်ကိုပြုံးပြီးပြောလိုက်တာကြောင့်
"အစ်ကို ညီ့ကိုသဝန်မတိုဘူးလား အစ်ကိုပြောတော့ ညီ့ကိုချစ်တယ်ဆို"
"သဝန်တိုစေချင်လို့လားညီရဲ့ ကိုယ် ညီ့ကိုယုံတယ်လေ ညီကခုမှ 17နှစ်ပဲရှိသေးတယ် နောက်ကျရင် ဒီလိုပြသာနာတွေခနခနတွေ့လာရမှာလေ အဲလိုဖြစ်တိုင်းသာ ညီ့ကို သဝန်လိုက်တိုနေရင် ညီစိတ်ညစ်နေမှာပေါ့"
YOU ARE READING
mysterious fate
General FictionZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး