အခန်း(46)

23.4K 1.8K 56
                                    

"လဝန်း ပြန်​လို့အဆင်​​ပြေတယ်​မလား"

"ဟုတ်​ကဲ့ ကိုမင်း အိမ်​ကကားလွှတ်​​ပေးထားတယ်​"

"အိမ်​ပြန်​မယ်​ အိမ်​ပြန်​ပြီး ပါးချိုင့်​သွားကြည့်​မယ်​ လာ"

"​ဝေယံ ဇာနည်​ကို အိမ်​​သေချာလိုက်​ပို့​ပေးလိုက်​"

"ဟုတ်​ကဲ့ပါ သခင်​​လေး"

စဝ်​မှာအမူးသမား​လေးကိုတဖက်​က အတင်းဆွဲထားပြီး ​ဝေယံကိုလည်း​သေချာမှာ​နေရ​သေးတယ်

ကား​ပေါ်ကို​ရောက်​ဖို့ စဝ်​မှာ အတင်းကို​ပွေ့တင်​လိုက်​ရ​သေးတယ်​ ​တော်​​သေးတယ်​ မိုးတိမ်​ယံတို့ကို ​ခေါ်လာလို့ ဘုရားစူး ခွက်​​သေး​သေး​လေး သုံးခွက်​​သောက်​ပြီး မူး​နေတဲ့ အရစ်​လုံး​လေး

"ဘာလို့လမ်းမ​လျှောက်​ဘဲ​ရွေ့​နေတာလဲ"

"ကား​ပေါ်မှာမလို့​လေ ချစ်​လုံးရဲ့"

"​ကားက အဲလို​ရွေ့တာလား"

"ဒါက ဒီက​ချော​ချော လူကြီးက ကျွန်​​တော့်​​ယောက်​ကျားဆို"

"ဟုတ်​တယ်​​လေ က​လေး​လေးရဲ့"

"ဒါဆို လူကြီးက ကျွန်​​တော်​​ယောက်​ကျားမလို့​ချောတာလား ​ချောလို့ကျွန်​​တော်​ ​ယောက်​ကျားဖြစ်​တာလား"

တလမ်းလုံး​ပေါက်​ကရ​လေးဆယ်​​မေးလိုက်​ စဝ်​က ​ဖြေလိုက်​နဲ့ ​ရှေ့ကကား​မောင်း​နေတဲ့ မင်းမင်းတို့ဆို တခွိးခွိး နဲ့ရီ​နေတာ

"​ရောက်​ပြီ လာဆင်းရ​အောင်​​နော်​ ချစ်​လုံး"

"အိမ်​​ရောက်​ပြီလား ရီပြ​လေ ပါးချိုင့်​​ပေါ်​အောင်​"

ဒါကျ​တော့မ​မေ့ဘူး အမူးသမားက

"အိမ်​ထဲဝင်​အုံးမယ်​​လေ အခန်းထဲကျရင်​ ပြမယ်​​နော်​ ခု​တော့လာ​တော့​နော်​"

ယိုင်​တိုင်​တိုင်​ ဖြစ်​​နေတာနဲ့ စဝ်​လည်းချစ်​လုံး​လေး ကို​​ပွေ့ချီလိုက်​တယ်

"ဘာလို့ချီတာလဲ"

"ချစ်​လုံး​လေး ​ယောက်​ကျားမလို့ချီတာ​လေ"

mysterious fateWhere stories live. Discover now