Operation room ပွင့်လာတာကြောင့် ဆုလာဒ်တို့ ဆရာဝန်နားကို သွားလိုက်မိတယ်
"Operation အောင်မြင်ပါတယ် သခင်လေး သတိရဖို့ မရဖို့ကတော့ ဆက်စောင့်ကြည့်ရမှာပဲ"
"ကျေးဇူးပါ ဒေါက်တာ"
"ရပါတယ် သခင်လေး ဒါကျွန်တော်တို့တာဝန်ပါ ခွင့်ပြုပါအုံး"
အစ်ကိုမင်းမင်း ကိုအထူးလူနာကြီးကြပ်ခန်းထဲထားပြီးတော့ ဆုလာဒ်တိုပြန်ထွက်လာလိုက်တယ်
"သခင်လေးတို့ အိမ်တော်ပြန်လိုက်ပါလား မင်းမင်းနဲ့ ဝေယံကို ကျွန်တော်ပဲစောင့်ကြည့်လိုက်ပါမယ်"
"အဲဒါဆို အိမ်တော် ခနပြန်လိုက်အုံးမယ် တခုခုထူးခြားတာနဲ့ ငါ့ဆီဖုန်းဆက်လိုက်ပါ"
"ဟုတ်ကဲ့ပါ သခင်လေး"
"သားကြီး မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ ခန့်ညီတို့ ပြောတော့လုပ်ကြံခံရတယ်ဆို ပေါ့ တို့တောင် ခုလိုက်လာမလို့"
အိမ်တော်ပြန်ရောက်တော့ ပေါ့နဲ့ မယ်မယ်က အပြင်သွားမယ့်ပုံစံမျိုးနဲ့ တွေ့လိုက်ရတယ်
"ဟုတ်တယ် ပေါ့ မျိုးနွယ်စုအစည်းအဝေးအပြန်ကို စီစဉ်ထားတာ တော်သေးတယ် ကလေးက လိုက်လာလို့ မင်းမင်းကတော့ ICU ထဲမှာ ပဲရှိသေးတယ်"
"ပေါ့ရော အစောကြီးပြန်လာပါလား"
"ဟုတ်တယ်သား အဆင်ပြေသွားလို့ ပေါ့ စီစဉ်စရာ စီစဉ်ပြီးချက်ခြင်းပြန်လာတာ"
"ဒါနဲ့ မင်းညီတို့ပြောတော့ ခုကိစ္စမှာ တတိယအိမ်တော်က ပါဝင်နေတယ်ဆို"
"ဟုတ်တယ် ပေါ့"
"နှင်းနှင်း ကသတ်သေ သွားတယ်ဆို"
"ဟုတ်တယ် ပေါ့"
"သား ဒီတခါတော့ သား မသိချင်ယောင်ဆောင်စေချင်တယ်"
"ပေါ့"
"ပေါ့ တောင်းဆိုတာပါ ပေါ့တို့မှာ ဆွေမျိုးရှားတယ် ပြီးတော့ တတိယအိမ်တော် ပျက်စီးသွားရင် လူတွေအများကြီးထိခိုက်သွားနိုင်တယ် သား ဒီတခါတော့မသိချင်ယောင်ဆောင်ပေးပါ ပေါ့ သားဦးလေးခေါ်ပြီး ဆုံးမထားလိုက်ပါမယ်"

VOUS LISEZ
mysterious fate
Fiction généraleZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး