"သားငယ်လေး ဒါနောက်စရာမဟုတ်ဘူးနော်"
"သား တကယ်ပြောနေတာပါ မေ"
ဆုလာဒ်မှာ ကလေးလေးတွေရှိနေပြီလို့ မေနဲ့ ဖေကို ပြောလိုက်တော့ ဖေနဲ့ မေက မျက်နှာ အရမ်းကို ပျက်သွားပြီး ဆုလာဒ်ကို ဘာစကားမှမပြောတော့ပဲ အပေါ်ထပ်ကို တက်သွားမလို့လုပ်နေတာကြောင့်
"ဖေ မေ"
"သား မေတို့ ဒီအဖြစ်မှန်ကို လက်ခံဖို့ မနည်းကြိုးစားရအုံးမယ် အဲတော့ ဖေ နဲ့မေကို အချိန်ပေးပါ သားငယ် ခုတော့ သားတို့ အိမ်ပြန်လိုက်တော့နော်"
"မဟုတ်ဘူး မေတို့က သား သားကို မေတို့က မလိုချင်တော့တာလား"
"ကလေး ဖေတို့ကို အချိန်ပေးရအောင်လေနော်"
ဖေ တို့က ဆုလာဒ်ကို တချက်သာကြည့်ပြီး အပေါ်ထပ်သာ တက်သွားတော့တယ်
"ကိုကြီး ဖေက ချစ်လုံးကို မလိုချင်တော့ဘူးထင်တယ် ချစ်လုံးကို ရှက်လို့လားမသိဘူး "
မျက်ရည်တွေကျရင်း ပြောလိုက် ငိုလိုက် လုပ်နေတဲ့ ချစ်လုံးလေးကြောင့် စဝ်အရမ်းကို စိတ်မကောင်းဖြစ်မိတယ်
"မဟုတ်ပါဘူး ချစ်လုံးရယ် ကိုယ့်ကိုကြည့် အဲလို မဟုတ်ပါဘူးကွာ"
"ဟုတ်ပါတယ် သားငယ်ရယ် မေ တို့က အရမ်းအံ့သြ သွားလို့ပါ မငိုပါနဲ့ သားငယ်မှာက ကလေးလေးနဲ့လေ"
"မဟုတ်ဘူး မမကြီး မသိပါဘူး ဖေက သားကို မကြည့်တော့ဘူး သားကို မုန်းသွားတာ သားကို သားကို...."
တဖြည်းဖြည်းနဲ့ တုန်လာတဲ့ကိုယ်လေးကြောင့် စဝ် ချစ်လုံးလေးကို ဖက်လိုက်ရင်း ကျောလေးကိုပုတ်ပေးလိုက်မိတယ်
"ကလေး စိတ်လျော့လေ အရမ်းဝမ်းမနည်းရဘူးလေ"
ချစ်လုံးလေးက ပြောရင်းနဲ့ အသံကတဖြည်းဖြည်း တိုးရင်း စဝ်ကိုယ်ပေါ်ကို မေ့လဲသွားတာကြောင့် စဝ်ရော မမတွေပါ ပျာယာခတ်သွားတော့တယ်

BẠN ĐANG ĐỌC
mysterious fate
Tiểu Thuyết ChungZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး