အခန်း(20)

31.5K 2.6K 71
                                    

"မမ လဝန်း"

"ဆုလာဒ်​ ​မောင်​​လေး"

"မမ ကိုမ​နေ့ကတုန်းက​တွေ့ဘူး ​နော်​"

"ဟုတ်​တယ်​ ဆုလာဒ်​တို့မ​နေ့က ​ဟော်​နန်းသွားတုန်းကမှ မမက​ရောက်​တာ ဒီ​နေ့ထိမ်းမြားပွဲကိုမှီ​အောင်​ အမြန်​ထွက်​လာရတာ"

"မမကို အစ်​ကို့ရဲ့ညီမမှန်းမသိခဲ့ဘူး"

"အင်း ကိုမင်းကတမင်​မ​ပြောခိုင်းတာ ကိုမင်းကိုတခြားလူ​တွေမ​နှောင့်​ယှက်​​အောင်​ မမကို coverယူတဲ့သ​ဘော​ပေါ့ တကယ်​​တော့ ဆုလာဒ်​ကို မမ​တောင်းပန်​ချင်​​နေတာ"

"​တောင်းပန်​ချင်​တာ"

"ဆုလာဒ်​ ခုလို့လက်​ထပ်​ရတာ မမရဲ့​ပေါ့ဆမှု​တွေအများကြီးပါတယ်​ မမhotelပြန်​ပြီး​သွေးအိတ်​ယူတာ ​နောက်​ကျလို့​လေ ပြီး​တော့ ဆုလာဒ်​တို့ကိုရှင်းရှင်းလင်းလင်း မ​ပြောခဲ့တာ​ကြောင့်​လည်း ခုလို​တွေဖြစ်​သွားရတာ"

"ကျွန်​​တော်​ဘယ်​သူ့ကိုမှအပြစ်​မတင်​ချင်​​တော့ပါဘူး ကျွန်​​တော်​နဲ့ အစ်​ကိုက ဖူးစာပါလို့လို့ပဲသတ်​မှတ်​ပါတယ်​"

"ကိုမင်းနဲ့ဆို ဆုလာဒ်​​ပျော်​ရမှာပါ ဟိုမှာ ပြင်​ဆင်​ဖို့ အထိန်း​တော်​​တွေလာ​နေပြီ မင်္ဂလာပွဲမှ​တွေ့မယ်​​နော်​ ​မောင်​​လေး"

"ဟုတ်​ မမ"

"ညီ့ အဆင်​​ပြေရဲ့လား ​နေရတာ"

မင်္ဂလာပွဲအတွက်​ ဆုလာဒ်​ ရိုးရာဝတ်​စုံကို ပြင်​ဆင်​​ပေးပြီး ထွက်​သွားတာနဲ့ အစ်​ကိုကလည်း ဆုလာဒ်​နဲ့ဆင်​တူ ရိုးရာဝတ်​စုံ ဝတ်​ထားပြီးအခန်းထဲကိုဝင်​လာတာ​ကြောင့်​ ဆုလာဒ်​ပြုံးလိုက်​မိတယ်

အစ်​ကို့အသားကဖြူပြီးကြည်​လင်​​နေတာ​ကြောင့်​ ပင်​နီ​ရောင်​ ပိုးသားနဲ့ချုပ်​ထားတဲ့ သတို့သားဝတ်​စုံက အစ်​ကို့ခန္ဓာကိုယ်​​ပေါ်မှာအရမ်းကိုကြည့်​​ကောင်းလွန်း​နေတယ်​ အစ်​ကို့ဆီမှာ ဆုလာဒ်​အကြိုက်​ဆုံး အစိတ်​အပိုင်းက ရီလိုက်​ရင်​ထွက်​လာတတ်​တဲ့အစ်​ကို့ သွားစွယ်​​လေး​​တွေ ခုလည်းဆုလာဒ်​ကို ရီပြ​နေတာ​ကြောင့်​ ​ပေါ်လာတဲ့သွားစွယ်​​လေးကို ဆုလာဒ်​​ငေးကြည့်​​နေမိတယ်

mysterious fateDove le storie prendono vita. Scoprilo ora