စဝ် အောက်ထပ်ဆင်းလာတော့ မင်းမင်းနဲ့ဝေယံက အသင့်စောင့်နေတာတွေ့လိုက်ရတယ်
"သခင်လေး"
"ဘယ်လိုဖြစ်တာတဲ့လဲ"
"ကျွန်တော်တို့ လူတွေအပြင်မှာစောင့်နေတုန်း clubထဲရန်ဖြစ်တယ်ဆိုလို့သွားတော့ သခင်ငယ်လေးက တဖက်ကလူတယောက်ကို အရက်ပုလင်းနဲ့ ခေါင်းကိုရိုက်ပြီးသွားပြီတဲ့"
စဝ် တချက်ပြုံးလိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်မိတယ်
"လူဆိုးလေကွာ လက်ကလည်းမြန်လိုက်တာ"
"ရဲစခန်း သွားမယ်"
"ဟုတ်ကဲ့ သခင်လေး"
အိမ်တော်ကနေ ကားသုံစီးထွက်လာပြီး ရဲစခန်းကိုဦးတည်မောင်းနှင်လာတယ် စဝ်တို့ရဲစခန်းထဲဝင်လာတော့ စခန်းမှူးဘေးက ခုံတန်းလေးမှာ ခြေ ချိတ်ထိုင်နေတဲ့လူဆိုးလေး ဘေးမှာလည်း သူ့သူငယ်ချင်းနှစ်ယောက်နဲ့ စကားကများနေသေးတယ် နည်းနည်းမှကို အကြောက်အလန့်မရှိတဲ့ ဟာလေးတွေ
"ကိုကြီး"
စဝ် အရင်ဆုံးချစ်လုံးလေး စီ သွားပြီး ဒဏ်ရာရမရ စစ်လိုက်တော့ မျက်ခုံးဒေါင့်နားလေးကနည်းနည်းကွဲနေပြီး နှုတ်ခမ်းလုံးလုံးလေးက သွေးထွက်နေတာ တွေ့လိုက်ရတယ်
"မင်းမင်း ဆေးသေတ္တာယူခဲ့စမ်း"
"ဒီမှာ ဟမ်း ဟမ်း"
စခနိးမှူးခမျှ စခန်းဝင်လာကတည်းက သူ့ကိုတစက်လေးတောင်လှည့်မကြည့်ပဲ သူ့လူသူ ဂရုစိုက်နေတဲ့ စဝ်ကြောင် တဟမ်းဟမ်း လုပ်နေတော့တယ်
"ဘာလို့ ဒဏ်ရာတွေ ရလာတာလဲ လူဆိုးလေးရာ"
"ကိုကြီး တောင်းပန်ပါတယ်"
စဝ် မျက်ခုံးနားလေးကို အရက်ပျံလေးတို့ပေးပြီး တဖူးဖူးနဲ့ လေမှုတ်ပေးနေမိတယ်
"ကိုယ့်ချစ်လုံးရဲ့မျက်နှာလေးကိုကွာ အရမ်းနာနေလား"
![](https://img.wattpad.com/cover/294721465-288-k561731.jpg)
YOU ARE READING
mysterious fate
General FictionZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး