"ချစ်လုံးလေး အိမ်ပြန်ချင်လား ဒီမှာ လျှောက်လည်အုံးမလား"
"အိမ်ပြန်မယ် မေတို့ဆီမှာမွေးနေ့ကိတ်သွားခွဲရမယ် ပြီးတော့ တိုတို လေးကိုပြန်ကြည့်ရမယ်"
"တိုတို"
"ကိုကြီးမွေးနေ့လက်ဆောင်ပေးတဲ့ ကောင်လေးလေ ခြေထောက်တိုတိုလေး တွေနဲ့မလို့ တိုတို လို့ခေါ်တာလေ ညီ တော်တယ်မလား"
"တော်ပါတယ် တော်ပါတယ်"
ဆုလာဒ် ရန်ကုန်ပြန်ရောက်တော့ နေ့လည် 1နာရီထိုးနေပြီ မေတို့အိမ်မှာ မွေးနေ့ပွဲလုပ်ပြီး ညနေကို ရတီတို့ ကို မုန့်လိုက်ကျွေးရမယ် ပြီးတော့ 3ယောက်လုံး အသက်ပြည့်ပြီ ဆိုတော့ အရက်သောက်ကြည့်ဖို့ ကိုကြီးကိုပြောထားတယ် ကိုကြီးက clubမှာလိုက်တိုက်မယ်လို့လည်း ပြောထားသေးတာကြောင့် ဆုလာဒ်တို့တက်ကြွနေပြီလေ
ရတီအတွက် ကိုကြီးမင်းယံနဲ့ ဇာနည်အတွက် မမလဝန်းကိုပါ ဆုလာဒ်မွေးနေ့အတွက်ဖိတ်ထားသေးတာ ရတီနဲ့ဇာနည်တို့က တော့ပျော်နေတော့မှာပဲ သူများအတွဲတွေ အဲလိုစိတ်ကောင်းရရှိရှိအောင်သွယ်ပေးခဲ့လို့ဖြစ်မယ် ဆုလာဒ်က အိမ်ထောင်ကျကံကောင်းတာ ကိုကြီး ယောက်ကျားလေးဖြစ်တာကလွဲရင် ကျန်တာကတော့ perfectပဲ
သေသေချာချာစဉ်းစားကြည့်တော့လည်း ယောက်ကျားလေးဖြစ်တာပဲကောင်းပါတယ် မဟုတ်ရင် မိန်းကလေးဖြစ်ကြည့်ပါလား ဆုလာဒ်ကပဲ ရည်းစားစကားပြော ချစ်ခွင့်ပန်ဖို့စီစဉ်ရ ပြီးတော့ လိုချင်တာလိုက်ဝယ်ပေးရနဲ့ ပိုက်ဆံတွေကုန်အုံးမှာ ပြီးရင် စိတ်ကောက်ရင်ချော့ရအုံးမယ်
အဲဒါကြောင့်ဖြစ်မယ် ခုနောက်ပိုင်းမိန်းကလေးတွေ ယောက်ကျားမရတော့တာ သနားတော့သနားစရာပဲ
"အကျီင်္ကိုက်ပြီး ဘာတွေတွေးနေတာလဲ ချစ်လုံး တိုတိုလေးကို ကြည့်ချင်လို့ဆို"
![](https://img.wattpad.com/cover/294721465-288-k561731.jpg)
YOU ARE READING
mysterious fate
General FictionZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး