"အစ်ကို ကျွန်တော်မျက်လုံးတွေရဲနေလား"
"မရဲပါဘူး ညီရဲ့"
"တော်သေးတာပေါ့ မဟုတ်ရင် မေကစိတ်ပူနေအုံးမယ် "
"လာ အစ်ကိုတို့ဆင်းရအောင်"
ဆုလာဒ်တို့ လေဆိပ်ရှေ့ရောက်တာနဲ့ Royal Peral ဆိုတဲ့ အမှတ်တံဆိပ်နဲ့ အနက်ရောင်ကားငါးစီး ကထိုးရပ်လာတော့တယ်
"လာ ညီသွားရအောင် မယ်မယ်တို့တောင် ကားပေါ်ရောက်နေပြီ"
"မယ်မယ်တို့ နဲ့အန်တီတို့က ရှေ့က ကားမှာ ညီ"
ဆုလာဒ်ကားပေါ်ရောက်တော့ မေ တို့ကို မတွေ့လို့ မေးဖို့ပြင်လိုက်တာနဲ့ အစ်ကိုက အလိုက်တသိပြောပေးတာကြောင့် ဆုလာဒ်အစ်ကို့ကို ပြုံးပြလိုက်မိတယ်
ဆုလာဒ်တို့ ကားနဲ့ထွက်လာပြီး 10မိနစ်လောက်ကြာတော့ ကြီးမားတဲ့ ခြံတခါးကြီးတခုကိုတွေ့လိုက်ရတယ် ခြံတံခါးထိပ်မှာလဲ Royal Peral ဆိုတဲ့ ဆိုင်းဘုဒ်တခုတွေ့လိုက်ရတယ်
"အစ်ကို royal peral ဆို တာလေ နိုင်ငံတကာမှာ လေကြောင်းလုပ်ငန်းတွေ hotel လုပ်ငန်းတွေအများစုပိုင်တဲ့ royal empireရဲ့ လုပ်ငန်းစုတော့မဟုတ်ဘူးမလား"
"Wow ညီကသိသားပဲ royal peralက royal empire ရဲ့အခွဲတခုပဲ အဓိကက royal peral က ပေါ့ ပိုင်ဆိုင်တဲ့ လုပ်ငန်းစုလေ"
"ဒါဆို စိန်တိုက်တွေပိုင်တဲ့ royal diamondကရော"
"အဲဒါက မယ်မယ်ပိုင်တာလေ"
" ဗျာ ဒါဆို ကား showroom တွေပိုင်တဲ့ royal car agency က "
"အဲဒါက လဝန်းရဲ့ပေါ့ပိုင်တာ လေဒုတိယအိမ်တော် ကဦးလေးလေ"
ဆုလာဒ်မေးကြည့်ရင်း လန့်တောင်လန့်လာတယ် အစ်ကိုတို့ချမ်းသာတာသိပင်မယ့် အဲလောက်ချမ်းသာမယ်လို့မထင်ထားတာ royal empireဆိုတာ တကမ္ဘာလုံးရဲ့ စီးပွားရေးအင်အားစုတွေမှာဖြန့်ကျက်နေရာယူထားတာ နိုင်ငံတကာ ရဲ့အစိုးရတွေထိပေါက်ရောက်ပြီး နိုင်ငံတကာကလေးစားရတဲ့ စီးပွားရေး groupတခုပဲ
YOU ARE READING
mysterious fate
General FictionZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး