"ညီ အစ်ကိုကို ဟိုဖက်နည်းနည်းတိုးပေးမလား"
ဆုလာဒ်တို့ ပုဂံသွားဖို့ expressကားပေါ်မှာ နေရာယူဖို့မဲနှိုက်လိုက်ကြတယ်
ဆုလာဒ်ကခုံနံပါတ် 7 ဇာနည် က 17 ရတီက 20 ရတော့ အတူတူမထိုင်ရတော့ဘူးပေါ့ ဆုလာဒ်ကိုယ့်ခုံမှာ ကိုယ်ထိုင်နေတုန်း အစ်ကို စဝ်မင်းမာန်ခအနားရောက်လာတော့
"အစ်ကိုက"
"အစ်ကိုက ခုံနံပါတ် 8လေ "
"Wow ကျွန်တော်တို့က အတူထိုင်ရမှာပေါ့ ကျွန်တော်က ဇာနည်တို့နဲ့ အတူမထိုင်ရတော့ စိတ်ညစ်နေတာ အစ်ကိုနဲ့ဆိုတော့တော်ပါသေးတယ်"
သူ့ကို သွားဖြူဖြူလေးတွေပေါ်အောင် ရီပြပြီး စကားပြန်ပြောနေတဲ့ညိုလုံးလေး တကယ်ကိုချစ်မွှေးပါတာ သူတို့အတန်းကလူတွေဆို အဲကလေးကိုချစ်လွန်းလို့ မုန့်ဝယ်ကျွေးရတာနဲ့ လိုချင်တာဝယ်ပေးရတာနဲ့ ညီငယ်လေး မောင်ငယ်လေးဆိုတာ ချည်းပဲ
"အစ်ကိုက ပြတင်းပေါက်ဖက်ကမလား ကျွန်တော်ဖယ်ပေးမယ်လေ"
"ရတယ် ညီ အစ်ကို ကဘယ်နေရာဖြစ်ဖြစ်အဆင်ပြေတယ် ညီထိုင်ချင်ရင်ထိုင် "
"ဟုတ် အစ်ကို ကျေးဇူး တင်ပါတယ်"
ဒီနေ့အစ်ကိုက အရင်ဝတ်နေကျ ပုဆိုးနဲ့ အကျီအဖြူမဟုတ်ပဲ စတိုင်pantအနက်နဲ့ တီရှပ်အနက် ကိုတွဲဝတ်ထားတာကြောင့် အစ်ကိုပုံစံက အရမ်းကို စတိုင်ကျပြီးကြည့်ကောင်းနေတယ်
"စိတ်လှုပ်ရှားနေတာလား ညီ"
အစ်ကို့ပုံစံကို ငမ်းနေတုန်း အစ်ကိုအသံကြောင့် အမြန်ပြန်ဖြေလိုက်မိတယ်
"ဟုတ် ကျွန်တော်က တခါမှ သူငယ်ချင်းတွေနဲ့ခရီးမသွားဘူးလို့ အိမ်ကစိတ်မချလို့တဲ့
ခုမှအပြတ်ကဲရမှာ""ကလေးလေးပါကွာ တော်တော်ကိုပျော်နေတာပဲ"
အစ်ကိုကသွားစွယ်တွေပေါ်အောင်ရီပြီး ဆုလာဒ်ဆံပင်ညိုညိုလေးတွေကို ဆွဲဖွနေတာကို ငြိမ်ငြိမ်လေးခံလိုက်မိတယ် အစ်ကို လက်ဖဝါးတခုလုံးက တဆင့်နွေးထွေးမှုကိုခံစားလိုက်ရတယ်

أنت تقرأ
mysterious fate
قصص عامةZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး