ရှမ်းပြည်နယ်ရဲ့ တတိယစံအိမ်တော်မှာ ဦးစိုင်းလင်းတယောက် ဒေါသတကြီး သူ့မိန်းမ ဒေါ်သက်ကလျာကို အော်ဟစ်နေတော့တယ်
"အဲလောက် ငွေအများကြီး ငါက ဘယ်ကသွားရှာရမှာလဲ လောင်ကစားတွေ မလုပ်ပါနဲ့ ခနခန ပြောနေလဲမရဘူး ခုတော့ဘယ်လိုလုပ်ကြမလဲ"
"ပထမစံအိမ်က သွားအကူအညီတောင်းကြည့်ရအောင်လေ"
"ဟိုတခါကိစ္စပြီးကတည်းက အစ်ကိုတော်က ငါတို့အိမ်တော်ကို စောင့်ကြည့်နေတာ ဝင်ငွေတွေကို လည်း ပိတ်ပင်လိုက်တယ်လေ ငါက ဘယ်မျက်နှာနဲ့ သွားတောင်းရမှာလဲ"
"ဒါနဲ့ ရှင့်တူတော်မောင် သခင်လေးက ကလေးရတော့မယ်ဆို သူ့ကြင်ယာတော်ကောင်လေးက ကိုယ်ဝန်ရနေပြီလို့အသံကြားတယ်"
"ဟုတ်တယ်လေ အဲဒါမျိုးနွယ်စုတခုလုံးသိနေတာပဲ"
"ဒါဆို ကျိန်စာက ပြယ်သွားပြီပေါ့"
"ဟုတ်တယ် တူတော်မောင်တို့နှစ်ယောက်အပေါ်မှာတော့ ပြယ်သွားပြီတဲ့ မွေးလာတဲ့ကလေးမှာ ပါမပါတော့မသိသေးဘူး"
"ကလျာ မွေးလာတဲ့ ကလေးကို စိတ်မဝင်စားဘူး"
"မင်းဘာလုပ်အုံးမလို့လဲ ကလျာ ပထမတခါတုန်းကလဲ"
"ကလျာ လုပ်နေတာ ကလျာမိသားစုကောင်းစားဖို့အတွက်လေ ဒီမှာ အဲကြင်ယာတော်ဆိုတဲ့ အကောင်သာမရှိရင် ခုချိန် ကလျာ့ သမီးလေးစန္ဒာက မျိုးနွယ်စု သခင်မဖြစ်နေမှာ အဲဒါကြောင့် ကလျာက ကလျာ သမီးမဖြစ်ရတဲ့ ဆန္ဒလေးကို အကောင်အထည်ဖော်ပေးမလို့"
"ဘယ်လို မေမေ"
"ဒီလိုလေ သမီးရဲ့ အဲအကောင်မရှိတော့ရင် သခင်လေးကို မျိုးဆက်အတွက် ကြင်ယာဖက် ထပ်ရှာပေးမှာပဲလေ အဲချိန်ကျရင် သမီးက အရင်ကတည်းက မျိုးနွယ်စုက သတ်မှတ်ထားတဲ့ ကြင်ယာတော်ဆိုတော့ အလိုအလျောက်"
"ဟာ မေမေက တော်လိုက်တာ"
"မင်းတို့ သားအမိနှစ်ယောက် ပေါက်ကရတွေလျှောက်မလုပ်နဲ့နော် ငါ့တူထိခိုက်မယ့်ကိစ္စ ငါလက်မခံနိုင်ဘူး"

ŞİMDİ OKUDUĞUN
mysterious fate
Genel KurguZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး