အခန်း(21)

33.4K 3.3K 115
                                    

ဘယ်​က​နေထွက်​​ပေါ်လာမှန်းမသိတဲ့ ဆု​တောင်းစကားနဲ့အတူ ​မွှေးပျံတဲ့ နံ့သားဖြူ အနံ့​လေးက ​လေထဲမှာပျံလွင့်​လာ​တော့တယ်

"ဆုမွန်​အတွက်​ ​ကျေးဇူးတင်​ပါတယ်​ အဖ"

အစ်​ကိုကလက်​အုပ်​ချီပြီး ​ပြောလိုက်​ပင်​မယ့်​ ဆုလာဒ်​ကဘာမှနားမလည်​စွာ အသံဘယ်​က​နေထွက်​လာလဲ ဆိုတာလိုက်​ရှာ​နေမိ​တော့တယ်

"မယ်​မယ်​တို့သွားရ​အောင်"

ဆုလာဒ်​တို့အပြင်​ထွက်​လာ​တော့ ​မေနဲ့​ဖေရယ်​ မမ လဝန်းနဲ့ ဦးရီး​တော်​​တွေကိုပဲ​ရှိ​တော့တယ်

"အစ်​ကို တို့မိဘ​တွေနဲ့ ​ဆွေ​တော်​မျိုး​တော်​​တွေကိုကန့်​​တော့ရ​အောင်​"

အစ်​ကိုနဲ့ဆုလာဒ်​ ထိခြင်းငါးဖြာနဲ့မိဘ​တွေကိုကန့်​​တော့လိုက်​တယ်

"သာယာ​ဖြောင့်​ဖြူးတဲ့အိမ်​​ထောင်​​ရေးကိုပိုင်​ဆိုင်​ပါ​စေ ​ဖေ အဓိကမှာချင်​တာက​တော့ သားတို့ နှစ်​​ယောက်​ရဲ့အိမ်​​ထောင်​​ရေးကသာမာန်​အိမ်​​ထောင်​​ရေး မဟုတ်​တဲ့အတွက်​ ပါတ်​ဝန်းကျင်​ရဲ့ရိုက်​ခတ်​မှု​တွေရှိလာရင်​ တ​ယောက်​ကိုတ​ယောက်​အပြစ်​မမြင်​ပဲ ​ဖေးမကူညီကြပါ"

"ဟုတ်​ကဲ့ပါ ​ဖေ ကျွန်​​တော့်​ညီ့ကို ​သေချာ​စောင့်​​ရှောက်​ပါ့မယ်​"

"သားတို့ဘဝသာယာချမ်း​မြေ့ပါ​စေ"

"ဆုမွန်​အတွက်​ ​ကျေးဇူးတင်​ပါတယ်​ ​ပေါ့"

"မနက်​ဖြန်​ကျရင်​ ဘန်​​ကောက်​သွားရမှာဆို​တော့ ပြန်​နားကြတာ​ပေါ့ အစ်​ကိုနဲ့အမ"

"နားကြတာ​ပေါ့ ဦးစဝ်​သိင်္ခါ တို့လည်းပင်​ပန်း​နေ​လောက်​ပြီ တ​နေကုန်​မင်္ဂလာပွဲကိုစီမံ​နေရတာ"

"အစ်​ကို"

ဖေတို့ထွက်​သွားပြီတာနဲ့ ဆုလာဒ်​အစ်​ကို့လက်​ကိုဆုပ်​ကိုင်​လိုက်​ပြီး

"ခုနက ကန့်​​တော့ခန်းက အသံက"

"အစ်​ကိုတို့မျိုးနွယ်​ကို​စောင့်​​ရှောက်​​နေတဲ့ အဖ ရှိတယ်​ ညီ အင်းလူအများ​ပြောသလိုဆို နတ်​​ပေါ့ အစ်​ကိုတို့က အဖ လို့​ခေါ်တယ်​ အဖက လူတိုင်းကိုဆုမွန်​​ပေးခဲတယ်​ သူနဲ့​ရေစက်​ရှိတဲ့လူ သူသ​ဘောကျတဲ့ စုံတွဲကိုပဲ ​ကောင်းချီး​ပေးတာ ညီက အဖနဲ့​ရေစက်​ရှိတယ်​ထင်​တယ်​ အဖကိုယ်​တိုင်​ ဆုမွန်​​ပေးသွားတာ"

mysterious fateWhere stories live. Discover now