"ဖေ နဲ့မေရော ညီ"
"အိမ်တော်ထိန်းနဲ့ အင်းလေးကို သွားတယ် အစ်ကို မေတို့က အင်းလေးတခါမှမရောက်ဖူးလို့တဲ့ မနက်ဖြန် ဘန်ကောက်ကနေတန်းပြန်ရမှာဆိုတော့ အင်းလေးကိုမဝင်ဖြစ်မှာစိုးလို့တဲ့"
"ညီရော အင်းလေး ရောက်ဖူးလား"
"မရောက်ဖူးဘူး အစကတော့ မေနဲ့ လိုက်သွားမလို့ပဲ ပေါ့ကလည်း မျက်နှာမကောင်းပဲ အစ်ကို့ကိုအခန်းထဲခေါ်သွားလို့"
"အဲတော့ ညီ ကအစ်ကို့ကို စိတ်ပူတယ်ပေါ့"
"အစ်ကို ကလည်း"
"ညီ ခုသွားမလား အစ်ကိုလိုက်ပို့မယ်လေ"
"မသွားချင်တော့ဘူး ပင်ပန်းနေပြီ ခနနားတော့မယ် ဒါနဲ့ အစ်ကို ဟိုဆရာကြီးက သားနဲ့သမီး ရမယ်လို့ပြောတာ ဆုလာဒ်တို့က ဘယ်လိုရမှာလဲ"
"အစ်ကို က ညီ့ကို ချစ်ပေးရင်ရလာမှာပေါ့"
"ချစ်ပေးတာနဲ့ ရလာရောလား မဖြစ်နိုင်ဘူးထင်တယ်နော် အစ်ကို"
နားမလည်သလို အူလည်လည်ပုံလေးနဲ့ စဝ်ကို ပြန်မေးတာကြောင့် စဝ်ရီလိုက်မိတယ် ညီက တကယ့်ကလေးလေးပဲ
"လာပါ ခေါင်းသေးသေးလေးနဲ့စဉ်းစားမနေနဲ့ သွားနားရအောင် အချိန်တန်ရင် ညီ သိလာလိမ့်မယ်"
အခန်းထဲရောက်တော့ အစ်ကိုက ကုတင်ပေါ်မှာလှဲပီး ဆုလာဒ်ကိုလည်း သူ့ရင်ခွင်ထဲထည့်ပြီး ဖက်ထားပြီး ဆုလာဒ်ဆံပင်ကို ဖွပေးနေတယ် ခုနောက်ပိုင်း အစ်ကိုက ခနခန ဖက်ထားလို့လားမသိဘူး အစ်ကိုဖက်ထားတာကို ဆုလာဒ်အသားကျနေပြီလေ အစ်ကို့ရင်ခွင်ထဲမှာ ဆုလာဒ်ဖက်ထားခံရတာကို သဘောကျနေမိတယ်
"အစ်ကို"
"အင်း ပြောလေ ညီ"
"ကျောင်းပြန်တက်ရင်လေ ဟို"
"ပြောလေ ညီရဲ့ ကိုယ့်ကို ညီလိုချင်တာ ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်"
YOU ARE READING
mysterious fate
General FictionZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး