အခန်း(25)

29K 2.3K 11
                                    

"အစ်​ကို က​လေး​တွေကိုကား​ပေါ်မှာပဲထားခဲ့မှာလား သူတို့​ကြောက်​​နေမှာ​ပေါ့"

ဆာဖာရီဥယာဉ်​​ရောက်​​တော့ သူ့​ကြောင်​​လေး​တွေကို ကားထဲမှာပိတ်​ပြီး ထားခဲ့မှာလားဆိုပြီး စိုးရိမ်​တကြီး ဖြစ်​​နေတဲ့ ညိုလုံး​လေးက မဆင်း​တော့ဘူးလုပ်​​နေပြန်​ပြီ​လေ

"သူ့တို့ချည်းမထားခဲ့ပါဘူး"

"သူတို့ချည်း မထားခဲ့ဘူးဆို​တော့"

ဆုလာဒ်​​ပြော​နေတုန်းမှာပဲ လူနှစ်​​ယောက်​က ဆုလာဒ်​တို့ကားနားကို​ရောက်​လာတယ်

"သခင်​​လေး သခင်​ငယ်​​လေး"

"မင်းတို့ ကား​ပေါ်မှာသူတို့​လေး​တွေကိုကြည့်​​ပေးထားအုံး အစာ​လေးဘာ​လေး​ကျွေးထားလိုက်​ လာ ညီသွားရ​အောင်​"

"အစ်​ကို သူတို့က"

"ကိုယ်​ရဲ့သက်​​တော်​​စောင့်​​တွေ​လေ"

"သူတို့က ဘယ်​က​နေ​ရောက်​လာတာလဲ"

"ကိုယ်​တို့ကား​နောက်​မှာ ပါတယ်​​လေ ညီ လူများရင်​စိတ်​ရှုပ်​​နေမှာစိုးလို့ ခပ်​ခွာခွာ​နေခိုင်းထားတာ လာပါစပ်​စုစိန်​​လေးရယ်​ သွားကြည့်​ရ​အောင်​ ​နောက်​ကျ​နေမယ်​"

"စပ်​စုတာ မဟုတ်​ပါဘူး သိချင်​တာပါ"

"ဟုတ်​ပါပြီ ဦးသိချင်​​လေးရယ်​ ညီ ကျား​တွေအစား​ကျွေးရဲ လား"

"တကယ်​​ကျွေးလို့ရလား"

"ရတယ်​​လေ ညီ မ​ကြောက်​ရင်​"

"မ​ကြောက်​ပါဘူး ကျား​တွေကချစ်​ဖို့​ကောင်းတယ်​ သွားမယ်​ သွားမယ်​ လာမြန်​မြန်​"

"မ​ကြောက်​ပါဘူး ကျား​တွေကချစ်​ဖို့​ကောင်းတယ်​ သွားမယ်​ သွားမယ်​ လာမြန်​မြန်​"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
mysterious fateWhere stories live. Discover now