အခန်း(51)

27.8K 1.9K 31
                                        

ခြောက်​လခန့်​ကြာပြီး​နောက်

ဆုလာဒ်​ ကိုကြီးနဲ့ မင်္ဂလာ​ဆောင်​တုန်းက​ရောက်​ဖူးတဲ့ ​ဟော်​နန်းရဲ့ ကန့်​​တော့ခန်းထဲမှာ ​ရောက်​​နေပြီး​တော့ ကန့်​​တော့ခန်းထဲမှာလည်း နံ့သားဖြူအနံ​တွေ ပျံနှံလို့​နေတယ်

"ကိုကြီး ​ရော ကိုကြီးဘယ်​​ရောက်​သွားတာလဲ"

ဆုလာဒ်​အခန်းထဲမှာ ကိုကြီးကို လိုက်​ရှာ​နေတုန်းမှာပဲ

"အူဝဲ အူဝဲ အူဝဲ"

က​လေး​သေး​သေး​လေး​တွေရဲ့ ငိုသံကိုကြားလိုက်​ရတာ​ကြောင့်​ ဆုလာဒ်​ က​လေးအသံကြားထဲဆီကို ​လျှောက်​သွားလိုက်​မိတယ်

ကန့်​​တော့ခန်းရဲ့ ဆုလာဒ်​နဲ့ ကိုကြီးတို့ မင်္ဂလာ​ဆောင်​တုန်းက ကတိသစ္စာပြု​တဲ့​နေရာမှာ ​စောင်​အနီ​လေး​တွေနဲ့ ပတ်​ထားတဲ့ ဖြူဖြူ​ဖွေး​ဖွေး နဲ့ တုတ်​ခဲ​နေတဲ့ က​လေး​လေးနှစ်​​ယောက်​ကို ​တွေ့လိုက်​ရတယ်

"အ ချစ်​ဖို့​ကောင်းလိုက်​တာ ဘာ​လေး​တွေလဲ"

ဆုလာဒ်​က​လေး​လေး နှစ်​​ယောက်​ဆီ ​ပြေးသွားပြီး ငို​နေတဲ့ က​လေး​လေးနှစ်​​ယောက်​ကို ​ပွေ့ချီလိုက်​မိတယ်​ ဆုလာဒ်​​ပွေ့ချီလိုက်​တာနဲ့ ငို​နေတဲ့ က​လေး​လေးနှစ်​​ယောက်​က ဆုလာဒ်​ကို ရီပြ​နေတာ​ကြောင့်​ ဆုလာဒ်​ အသဲတယားနဲ့ငုံ့နမ်းလိုက်​မိတယ်

"မင်းတို့က ဘာ​လေး​တွေလဲ မင်းသား​လေး​တွေလား မင်းသမီး​လေး​တွေ​လား"

တခစ်​ခစ်​နဲ့ ရီ​နေတဲ့က​လေး​တွေကိုကြည့်​ရင်း ဆုလာဒ်​ စိတ်​ထဲ အရမ်းကို​ပျော်​ရွှင်​လာမိတယ်​ ဒီက​လေး​လေး​တွေက ဆုလာဒ်​နဲ့ ကိုကြီးရဲ့က​လေး​လေး​တွေဆို ဘယ်​​လောက်​​ကောင်းလိုက်​မလဲ ဆိုတဲ့ အ​တွေး​တွေ ဝင်​လာ​တော့တယ်

ဆုလာဒ်​က​လေး​တွေကို အခင်း​ပေါ်ပြန်​ချ​ပေးပြီး အနှီး​လေးကိုဖယ်​ကြည့်​လိုက်​မိတယ်

"Wow မင်းသား​လေးနဲ့ မင်းသမီး​လေးပါလား"

တခစ်​ခစ်​နဲ့ ​ခြေကားယား လက်​ကားယား​လေး လုပ်​ပြီး ဆုလာဒ်​ကို ချီခိုင်း ​နေကြပြန်​ပြီ​လေ

mysterious fateWhere stories live. Discover now