အခန်း(53)

21.6K 1.6K 7
                                    

"ချစ်​လုံး​လေး"

"ဟင်​"

ဆေးရုံက ပြန်​​ရောက်​ကတည်းက Ultrasound ရိုက်​ထားတဲ့ ဓာတ်​ပုံ​လေးကိုကြည့်​ရင်း ပြုံး​နေတဲ့ ချစ်​လုံး​လေးက စဝ်​ကိုလှည့်​မကြည့်​ပဲ ထူးတာ​ကြောင့်​ ချစ်​လုံး ကိုယ်​လုံး​လေးကို ​ပေါင်​​ပေါ်ဆွဲတင်​လိုက်​တယ်

"ကိုကြီး"

"ကြည့်​ပါအုံး ​မွေး​တောင်​​မွေးမလာ​သေးဘူး ဓာတ်​ပုံ​လေးနဲ့ ​တောင်​ ချစ်​လုံး​လေးရဲ့ စိတ်​ဝင်​စားမှု​တွေ ယူသွားတာ ​မွေးလာရင်​ ကိုယ့်​​နေရာ​တောင်​ရှိပါ​တော့မလားမသိဘူး"

"Ha ha ကိုကြီး ကလည်း ခုနကဘာ​ပြောမလို့လဲ"

"ချစ်​လုံး​လေး ​ကျောင်းကဘယ်​လိုလုပ်​မလဲ တကယ်​ဆို ကိုယ်​က ချစ်​လုံး​လေး ​ကျောင်းပြီးမှ က​လေးယူသင့်​တာ ခု​တော့"

"ရသင့်​တဲ့အချိန်​ ရလာတာကို ချစ်​လုံး​က ခု second year ပြီးဖို့ ​နောက်​​ခြောက်​လ​လောက်​ပဲလို​တော့တာ အဲဒါပြီးသွားရင်​ တစ်​နှစ်​​လောက်​နားလိုက်​မယ်​​လေ ချစ်​လုံး​လေးတို့ရဲ့ prince နဲ့ princess ​လေး​မွေးပြီးရင်​ ​ကျောင်းဆက်​တက်​လို့ရတာပဲ ကိုကြီးကဘာ​တွေ စိတ်​ပူ​နေတာလဲ"

"ကိုယ်​က က​လေးအတွက်​ပါ ငယ်​ငယ်​​လေးနဲ့အိမ်​​ထောင်​ကျတဲ့အပြင်​ ​ကျောင်း​တောင်​မပြီး​သေးပဲ"

"ကိုကြီးကလည်း ခု ချစ်​လုံးပုံစံကစိတ်​ညစ်​​နေတဲ့ ပုံ​ပေါ်လို့လား"

"မ​ပေါ်ပါဘူး ဒါပင်​မယ့်​ က​လေးရဲ့ လွတ်​လပ်​ခွင့်​​တွေဆုံးရှုံးသွားတယ်​​လေ ကိုယ်​အဲဒါကို တကယ်​စိတ်​မ​ကောင်းဘူး"

"စိတ်​မ​ကောင်းမဖြစ်​ပါနဲ့ ချစ်​လုံး ကိုကြီးနဲ့ အိမ်​​ထောင်​မကျခင်​က​တော့ ချစ်​လုံးမှာ အိမ်​မက်​​တွေရှိတယ်​ ကျွမ်းကျင်​တဲ့ ကွန်​ပြူတာ အင်​ဂျင်​နီယာ တ​ယောက်​အဖြစ်​ royal adventure မှာ အလုပ်​ဝင်​ချင်​တယ်​ ပြီး​တော့ ခရီး​တွေ ထွက်​ချင်​တယ်​ ဒါပင်​မယ့်​ ချစ်​လုံး အိမ်​​ထောင်​ကျပြီးတဲ့​နောက်​ အထူးသဖြင့်​ ကိုကြီး ကို ချစ်​မိသွားတဲ့ အခါကြ​တော့ ချစ်​လုံးရဲ့ အိမ်​မက်​ ချစ်​လုံးရဲ့ အနာဂါတ်​က ကိုကြီးပဲ ကိုကြီး​ပျော်​​နေရင်​ ချစ်​လုံး ​ပျော်​တယ်​"

mysterious fateWaar verhalen tot leven komen. Ontdek het nu