"အစ်ကို အိမ်ကိုရောက်ရင်လေ ဖေကနားပေါက်ကိုတွေ့သွားမလားမသိဘူးနော်"
နားကိုဖောက်ချင်တုန်းကအသဲအသန်ဖြစ်နေတဲ့ ညိုလုံးလေးက ရန်ကုန်လေဆိပ်ကနေ ဖေတို့အိမ် သွားမယ်ဆိုတာနဲ့ သူ့နားကိုတကိုင်ကိုင်နဲ့ နားပေါက်ပေါ်သွားမှာကြောက်နေလေရဲ့
"မသိပါဘူး ညီရဲ့ သိတော့လည်း ကိုယ်ပြောပေးပါမယ်"
"ညီတော့ အစ်ကိုနဲ့နေတာ ကြာရင်လူဆိုးဖြစ်တော့မှာပဲ"
"ညီကလူဆိုးမဖြစ်ပါဘူး လူငယ်ဆိုတော့ စမ်းသပ်ချင်တာ အသစ်အဆန်းလုပ်ချင်တာတွေများနေတာပါ"
"အစ်ကိုက အမြဲတမ်းညီလုပ်ချင်တာတွေကို လုပ်ခွင့်ပေးမှာလား"
"ညီ့ကို ထိခိုက်မယ့် ကိစ္စမဟုတ်ရင် ကိုယ့်က ညီ့ကိုလုပ်ခွင့်ပေးမှာပါ ကိုယ်က ညီ့ကိုချုပ်ချယ်ဖို့ ဆန္ဒမရှိဘူး"
"သခင်လေး"
ဝေယံအသံကြောင့် စဝ်တို့ကြည့်လိုက်တော့ ဖေတို့အိမ်တောင်ရောက်နေပြီလေ
"သားငယ်လေး သားကြီးတို့လာပြီလား"
မေကို တွေ့လိုက်ရတာကြောင့် ဆုလာဒ်ကားပေါ်ကဆင်းပြီးမေ့ကို ပြေးဖက်လိုက်တယ်
"မေက သားတို့ကိုမစောင့်ဘူး ပြန်သွားတယ်"
"သားတို့လွတ်လွတ်လပ်လပ် လည်ရအောင်လေ သားငယ်ရဲ့"
"လာလေ မောင်လေးအိမ်ထဲဝင် ဆုလာဒ် သားအစ်ကိုကိုအိမ်ထဲခေါ်လေ"
မမစကားကြောင့် ဆုလာဒ်အစ်ကို့ကိုကြည့်လိုက်တော့ မေတို့ဖို့ ဝယ်လာတဲ့လက်ဆောင်ထုပ်တွေကိုကိုင်ပြီး ဆုလာဒ်ကိုပြုံးပြီးကြည့်နေတဲ့ အစ်ကို့ကိုတွေ့လိုက်ရတယ်
"အစ်ကို sorry လာအိမ်ထဲဝင်ရအောင်"
"ဟာ ငါ့သူငယ်ချင်းလေး အိမ်ထောင်ရှင်ကြီး con conပါ"
အိမ်ထဲရောက်တာနဲ့ ရတီနဲ့ ဇာနည်က အသဲဗြဲကြီးနဲ့ အော်ပြီး ပြေးဖက်တာကြောင့် ဆုလာဒ်ရှက်သွားမိတယ်

ESTÁS LEYENDO
mysterious fate
Ficción GeneralZawgyi ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျိုးတူယောက်ကျားနှစ်ယောက်ကြားက marriage lifeလေး