Unicode...
ညနေစောင်းအချိန် နေရောင်ခြည်နုနုအောက်မှာ လေပြေညှင်းလေးကလဲ တဖြူးဖြူး တိုက်ခတ်နေလေသည်...။ ထိုအချိန်တွင် ကောင်လေးတစ်ယောက်သည် လက်နှစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်၍ သဘာဝတရားကြီးကို ခံစားနေသည့်နှယ် တစ်လှမ်းချင်းစီ လျှောက်နေသည်...။ နားနှစ်ဖက်၌လဲ နားကြပ်တပ်၍ သီချင်းနားထောင်နေသေးသည်...။ ထိုကောင်လေးကို ကြည့်ရသည်မှာ အင်မတန်မှ တည်ငြိမ်အေးချမ်းလှသည်...။ သူ့ဆီမှာ အပူဆိုတာ မရှိသည့်နှယ်...။
တစ်ချိန်ထဲမှာဘဲ ထိုကောင်လေးနောက်မှ ပုန်းကာကွယ်ကာဖြင့် ကလေးတစ်ယောက် လျှောက်လိုက်နေခဲ့သည်...။သို့ပေမယ့် ထိုကောင်လေးကတော့ မသိခဲ့ပေ....။ ပုံမှန်အတိုင်း ခံစားချက် အပြည့်ဖြင့် လျှောက်နေရင်းကမှ တစ်နေရာအရောက်တွင်တော့ လမ်းလျှောက်ခြင်းကို ရပ်တန့်ခဲ့သည်...။ သူ၏မျက်လုံးများမှာ တစ်နေရာကို သဘောကျနှစ်ခြိုက်စွာ ငေးကြည့်နေရင်းမှ နောက်ဆုံးတွင်တော့ ထိုနေရာသို့ အပြေးလေး သွားခဲ့သည်....။ ထိုနေရာက တခြားတော့ မဟုတ်....cotton candy ရောင်းနေသော ဦးလေးကြီး တည်ရှိရာ နေရာပင်....။
''ဦးလေး ကျွန်တော့်ကို တစ်ခုပေးပါ..." ဟု
ထိုကောင်လေးက မှာလိုက်သည်....။ မျက်လုံးများကတော့ ထိုဦးလေးကြီး cotton candy ပြုလုပ်နေသည်ကို အကြည့်မလွှဲနိုင်လောက်အောင် စိတ်ဝင်စားစွာဖြင့် ငေးကြည့်နေသည်...။ နောက်ဆုံး cotton candy ရလာသောအခါမှ ကျသင့်ငွေ ရှင်းကာ ထိုနေရာမှ ထွက်လာခဲ့သည်...။ ထို့နောက် cotton candy ကို လက်တစ်ဖက်က ကိုင်၍ ကျန်လက်တစ်ဖက်ဖြင့် အနည်းငယ်စီ ယူစားနေသည်မှာ သူနှစ်သက်သည့်အရာလေး အလျင်အမြန်ကုန်ဆုံးသွားမည်ကို စိုးရိမ်နေသည့်နှယ်....။
ထိုကောင်လေးနာမည်က ရှောင်းကျန့်တည်း...။
ရှောင်းကျန့်တစ်ယောက် cotton candy ၏ ချိုမြိန်မှု အရသာကို ခံစားနေရင်း ဆက်သွားမည် ပြုပြီးမှ စိတ်ထဲတွင် တစ်မျိုးဖြစ်လာ၍ အနောက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် သစ်ပင်တစ်ပင်၏ အကွယ်မှ ကလေးတစ်ယောက်က သူ့ကိုချောင်းကြည့်နေသည်ကို တွေ့ရသည်...။ ရှောင်းကျန့်နှင့် အကြည့်ချင်းဆုံသွားတဲ့အချိန်မှာတော့ ထိုကလေးက သစ်ပင်အနောက်သို့ ပုန်းသွားတော့သည်...။ ရှောင်းကျန့်လဲ အရှေ့သို့ နှစ်လှမ်း သုံးလှမ်း လှမ်းပြီး ထပ်လှည့်ကြည့်လိုက်တော့ ထိုကလေးက သစ်ပင်အကွယ်မှ ခေါင်းလေးထွက်၍ စိုက်ကြည့်နေပြန်သည်....။ ရှောင်းကျန့်နှင့် အကြည့်ချင်းဆုံသွားသည်နှင့် ထပ်မံ၍ သစ်ပင်အနောက်သို့ ခေါင်းလေး ပြန်ဝင်သွားပြန်သည်...။
ရှောင်းကျန့်၏ နှုတ်ခမ်းပါးလေးတစ်စုံက လှစ်ကနဲ တစ်ချက် ပြုံးလိုက်သည်...။ ထို့နောက် ခြေသံလုံလုံဖြင့် ထိုသစ်ပင်ရှိရာသို့ သွားလိုက်သည်..။ ရှောင်းကျန့် သစ်ပင်နောက်သို့ ကြည့်လိုက်တော့ ယခုနက ကလေးမှာ သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်၍ အသက်ကို ပြင်းပြင်းရှူနေသည်....။ ရှောင်းကျန့်လဲ ထိုကလေးကို တစ်ချက် အသံပြုလိုက်သည်....။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fiksi Penggemarအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...