မထားခဲ့ပါနဲ့

1K 41 3
                                    

အကိုလေး ဘယ်ချိန်ထိဖုံးကွယ်ထားမှာလဲ

မှောင်မိုက်နေသော ညတစ်ညမှာ နေ့ခင်းပိုင်းမှ ကလေးငယ်ရဲ့ ငိုမဲ့မဲ့ ဖြစ်နေသော မျက်နှာလေးကို သူမမေ့နိုင်ပေ

"ကလေး ဘာတွေဖြစ်နေတာလဲ"

"အဆင်မှ ပြေရဲ့လား လှမ်းအော်ခေါ်တဲ့ အန်တီဆိုတဲ့ လူကရော် ဘယ်သူလဲ သူနဲ့ ဘာတွေတော်တာလဲ ဘယ်လိုပတ်သတ်တာလဲ"

လုပ်လက်စ အလုပ်တွေကိုဆက်မလုပ်နိုင်တော့ဘဲ  ကော်ဖီခွက်လေးကိုင်ကာ အလုပ်စာပွဲမှာ သူထွက်ခဲ့တော့သည်

"ကောင်းကင် ကောင်းကင် ကိုကောင်းကင်......"

အိပ့်ပျော်နေသော ကောင်းကင်ယံက အတင်းကုန်းရုံးထရင်
မျက်လုံးလေးကိုလက်နဲ့ပွတ်ရင် စုတ်ဖွားရုပ်လေးနဲ့

"ဗျာ အကိုလေး ဘာဖြစ်လို့လဲ "

"ထ အခုချက်ခြင်း ကားထုတ် စံပယ်ခင်း သွားမယ်"

"အယ် 😱 အကိုလေး ည 2နာရီကြီးလေ အပြင်မှာမိုးတွေအရမ်းရွာနေတယ် မနက်မှသွားရအောင်လေ"

"ကောင်းကင်!!!!!!!!!!"

အော်လိုက်တာ လိပ်ပြာတောင်လွင့်လို့ ပြန်မလာရဲလောက်တော့ဘူး ထင်ပါတယ် "ဟူတ်ကဲ့ အကိုလေ"

ကောင်းကင်ဟာ ကိုစွမ်းထက်တစ်နှစ်ဘဲငယ်ပါတယ်
ကိုစွမ်းရဲ့ ဒယ်ဒီ က တစ်ဦးတည်းသေားသားဖြစ်တဲ့ စွမ်းကို
အထီးကျန်မှာဆိုးလို့ ခြံစောင့်ရဲ့သားကို ခေါ်ပေးထားရာမှ
ခုချိန်ထိ စွမ်းနားမှာဘဲရှိနေသည် ချစ်ကြောက်ရိုသေဆိုသလိုဘဲ စွမ်းကို ကောင်းကင်က အရမ်းလေးစားတယ် သူ့ကိုကျောင်းပြီးအောင်ထားပေးတဲ့အပြင် ကုမ္ပဏီ မှာလဲအရေးပေးခဲ့တယ် နိုင်ငံခြား ခရီးစဉ် တွေလည်းအမြဲတန်းတူ လိုက်ပါခွင့်ရခဲ့သည် English speakingပိုင်းမှာလည်း  စွမ်းနည်းတူပါဘဲ ထိုသို့သော ကျေးဇူးတရားတွေကြောင့် ကောင်းကင်ဟာ စွမ်းနားမှာအမြဲစောင့်ရှောက်မယ်လို့ အတွေထဲ အမြဲထည့်ထားတတ်ပါတယ် တစိချက်ချက် ကိုစွမ်းရဲ့ ဒေါသကိုတော့ သူအတော်ကြောက်ပါတယ် ဒေါသထွက်ရင်သူများနဲ့မတူ စိတ်လွတ်နေတတ်ပြီး ငွေကြေးချမ်းသာတာကြောင့် ဘယ်အရာကိုမှ စွမ်းက ဂရုမစိုက်ပါ တစ်ဦးတည်းသော သားဖြစ်လို့ အတော်ကိုဆိုးပါတယ် ဒီအကြောင်းတွေကို
အနီးကပ်နေနေတဲ့ ကောင်ကင်ကလွဲ၍ သူစိတ်တိုတတ်တာ
စိတ်ကြီးတာ ကို မည်သူမျှမသိပါ လိုက်စုံစမ်းနေတဲ့ သူဘေးက ဆက်စလူးမ မေဇာကိုယ်တိုင်တောင် မသိသေးသော အရာတစ်ခုဖြစ်ပါသည်

ကိုယ့်ရဲ့ ဘုရင်လေးWhere stories live. Discover now