"အကိုလေး တစ်ယောက်ထဲလား"
"ဟာ ကိုကောင်း လာလေ"
"ကျွန်တော့်ကို အကိုလေးလို့မခေါ်ပါနဲ့လား မရင်းနှီးသလိုဘဲ"
"ဗျာ ဒါဆို ကျွန်တော်က ဘယ်လိုခေါ်ရမှာလဲ"
"ကျွန်တော့် နာမည်ပိုးဟပ်ဖြူလေ ပိုးဟပ်လို့ခေါ်ပေါ့
ဒါမှမဟုတ် ညီ လို့ခေါ်"
"ပိုးဟပ်ကအသက်ငယ်တော့ အင်*****"
"ညီ လို့ခေါ်မယ်ရလား"
"ဟုတ် ရပါတယ်"
မနက်ခင်း နေမင်းကြီးစထွက်လာတဲ့အချိန် ပိုးဟပ်ဖြူ နဲ့ကောင်းကင်တို့ ခြံထဲလမ်းလျှောက် လေ့ကျင့်ခန်းလုပ်ရင်းစကားတွေကိုဖောင်ဖွဲ့ပြောဆိုနေကြသည် အမြဲအလုပ်မအားတဲ့ကောင်းကင်ယံတစ်ယောက်ကတစ်အိမ်ထဲအတူတူနေနေပေမယ့် ပိုးဟပ်ဖြူ ကိုစကားပြောဖို့အချိန်မရှိခဲ့ပေ ရံဖန်ရံခါ တွေ့ရုံ ပြုံးပြရုံကလွဲရင်း တခြားဘာဆိုဘာမှမပြောဘဲ ကိုယ့်အာရုံနဲ့ကိုသာ အလုပ်ရှုပ်နေလေသည်
"ကိုကောင်း "
"ဗျာ"
"ကျွန်တော့်ကိုအပြင်လိုက်ပို့ပေးပါလား"
"ဟမ်း..ဘယ်လို အပြင် ဟုတ်လား ဘာလိုချင်လိုလဲ ကိုယ်သွားဝယ်ပေးပါမယ် စားချင်တာလဲ သွားဝယ်ပေးမယ်လေနော်"
"ဟာ မရဘူး ကိုကောင်း ဒီနေ့ အကိုစွမ်းထက်မရှိဘူးဧည့်သည်နဲ့ချိန်းထားလို့ အစောကြီးထဲက အပြင်ထွက်သွားတယ် အကိုပြန်မလာခင် ကျွန်တော်တို့ အမှီပြန်လာမယ်လေနော် နော်လို့"
အကိုလေးဧည့်သည်နဲ့သွားတွေ့တာ ညဘက်မှပြန်ရောက်မယ်ဆိုတာ သိနေပေမယ့်လည်း ပိုးဟပ်ဖြူ ကိုတော့သူအလိုလိုက်လို့မဖြစ်ပေ အကိုလေးသိရင် ဒေါသ မီးက ကြောက်ဖို့ကောင်းမှာအသေချာပင်
"ကိုကောင်း ကို ...လိုက်ပို့ပေးပါနော်"
နှုတ်ခမ်း ဆူဆူလေးနဲ့ လက်မောင်းကိုအတင်ဖတ်ထားပြီးအရပ်ကလည်း ရင်ခွင်မှီ လေးမို့ ရင်ဘက်ထဲရောက်ရောက်လာသယောင် တစိချက်ချက် ခုန်စွခုန်စွနဲ့ ယုန်ပေါက်ကလေးလို.....ချွဲနေလိုက်ပုံများ ကျက်သီးထစရာပင်
YOU ARE READING
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်