Unicode😘
ဘိုးဘွားပိုင်ခြံဝန်းကြီးထဲမှာ သခင်လေးလိုနေရမယ့်အစား အိမ်စေတစ်ယောက်လိုအလုပ်လုပ်နေရတဲ့ သာသာ ကတော့အမောနိုင်မပန်းနိုင် သူစိုက်ထားသောပန်းပင်လေးတွေကိုတယုတယရေလောင်းနေသည် အသားရေစိုပြေပြီး နွားနို့လို့ဖြူဥနေတာကြောင့် နေရောင်အောက်မှာ တောက်ပနေသည်
ရယ်လိုက်ရင်သွားတတ်လေးနဲ့မို့ တအားကိုချစ်ဖို့ကောင်းတဲ့ကလေးငယ်က ခုမှအသက် ၁၈ ပင်ဖြစ်သည် မွေးနေ့ပွဲဆိုတာ သူ့ဘဝမှာ ၄နှစ်သားတုန်းက မားမားနဲ့ပါပါး အတူရှိခဲ့စဥ်က ကျင်ပပေးခဲ့တာနောက်ဆုံးပင်ဖြစ်သည်တီ တီ.. ဟိတ်ကောင်လေး ခြံစောင့်လေး..
ကားသံကြားရာကိုလှည့်ကြည့်လိုက်တာ ကားအမဲရောင်ပေါ်မှ လူကြီးတျောက်ရဲ့ ခေါ်သံပင်
"ဗျာ ဟုတ်ကဲ့ လာပြီ လာပြီ"
ဟို..... ဟိုဆိုပြီးရေစိုနေတဲ့ကလေးလေးရဲ့အလှကြောင့်မေ့မြောနေပုံ ဖလန်ထံအနီရောင်အကွက်ကလေးကို ကြယ်သီးအလုံးစေ့မတပ်ဘဲ ဟထားတာကြောင့် ရင်ဘက်ဖြူဖြူဥဥ ကိုအထင်းသားမြင်ရစေသည်
"အန်ကယ်ကြီး ဘာကိစ္စရှိလို့လဲ ခင်ဗျာ"
"အော် အော် ဒီလိုပါ စံပယ်ပန်းလေးတွေဖွေးနေတာမြင်တော့
လိုချင်လို့ပါ ရောင်မလားလို့ပါ"ကျွန်တော်အလှစိုက်ထားတာဗျ မရောင်းပါဘူး
"ဘာလို့လဲ ပိုးဟပ်ဖြူလေးရဲ့ ကိုက ပိုက်ဆံကိုပိုပိုသာသာပေးမှာပါကွ ဒီလိုလုပ် ဒီခင်းလုံးဝယ်မယ်ကွာ ဟုတ်ပြီလား
စသလိုလိုနဲ့ ခလေးစိတ်ဆိုးမှန်းသိနေတော့ ရယ်အောင်စနေတဲ့ ကိုစွမ်းတို့က မထင်ရဘူးနော် ဘေးကကားမောင်းပေးတဲ့ ကောင်းကင်ယံကိုမှအားမနာ သူမဟုတ်သလိုဘဲပိုဟပ်ဖြူလိုခေါ်လိုက်ပုံကိုသတိထားမိပုံတောင်မရဘူး နေသာတို့က သူ့အခင်းတည်တံရေးဒို့အရေးလုက်နေရလို့
"ဟာ မရဘူး မရဘူး ဉီးလေး မရောင်းဘူး ရောင်းဖို့စိုက်ထားတာမဟုတ်ဘူးဗျ ပြန်တော့ လူကြီး ခင်ဗျားပြန်တော့"ဆိုပြီး ခြံတံခါးကိုအတင်ဆွဲပိတ်နေသော ကလေးငယ်ကို စိတ်မဆိုးအား သဘောကျနေတာ က အလွန်ကိုစိုးမိုးလွန်းနေတာကို မတတ်နိုင်ဘူးလေ ပြန်ဆိုတော့လည်း ပြန်ရတာပေါ့ခံလိုက်ရပြန်ပြီ ဦးစွမ်းထက်တို့😁😁
========
Thank you for reading
Noe Noe😍Zawgyi💚
ESTÁS LEYENDO
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်