ညနေပိုင်းနေဝင်ဆည်းဆာ အချိန်လေးတွင် စွမ်းထက်တစ်ယောက် အိမ်ထဲပင်မဝင်နိုင် စံပယ်ပန်လေးတွေကိုရန်ရှာရန်ခြံထဲကိုသာအတင်းဝင်သွားလေတော့သည် တစ်နေကုန်အလုပ်တွေလုပ်နေပေမယ်ဒီစံပယ်ပင်းလေးတွေကိုဘယ်လိုရှင်းရမလဲဆိုတာသူ့ခေါင်းထဲတွေးနေတာ ကြီးစိန်နဲ့ဖုန်းပြောပီးထဲကပင်
နေ့လည်က ကားပေါ်ပါလာသော
မေဇာက အရေမရအဖတ်မရပြောနေသောစကားလုံးတိုင်းကို သူ့ခေါင်းထဲနည်းနည်းလေးတောင်အားနာပါးနာ ထည့်ခဲ့ပုံမပေါ်ပေ(ဟ ဟ မှတ်ထား အစစ်မ )အချိန်တစ်ခုကြာပြီးသည့်နောက် စံပယ်ပင်လေးတွေခင်ဗျာ ဖယ်ရှားခံလိုက်ရပြီး ဘဝဆုံးရှုံရှာလေတော့သည်
စပယ်ပင်လေးတွေအစား ခြံထောင့်နားက နှင်းဆီပန်းလေးတွေကိုသာ နေရာပြန်ပေးထားလေသည်
(မာန်တတ်နေသော နှင်းဆီ ပန်း)
"ဟာ အကို ပြန်လာပြီးလား ဘယ်တုန်းကရောက်နေတာလဲ"
ခြံထဲကိုပြေးဆင်လာသော ကလေးငယ် ဘောင်းဘီတိုလေးကိုဝတ်ဆင်ထားသောကြောင့် နွားနို့လိုဖြူဖွေးနေသော ပေါင်တံဖွေးဖွေးသွယ်သွယ်လေးတွေကို အထင်းသားမြင်နေရသည်
ချိုသာတဲ့ အသံကြောင့် စောနက ဒေါသစိတ်ကလေးကလည်း ကြက်ပျောက်ငှက်ပျောက် မျက်နှာချိုချိုလေးကြောင့် အမောတွေကိုပြေလို့....ကလေးငယ်ပမာ ရင်ခွင်ထဲတိုးဝင်လာပြီး ရှေ့ကနေလက်သွယ်သွယ်လေးများက သိုင်း၍ ခါးကိုဖတ်လိုက်သောကြောင့်
စွမ်းထက်တစ်ယောက် မျက်လုံးပြူးလျက် ပါစပ်အဟောင်းသာ ပြတိုက်ကကျောက်ရုပ်ကမှ သူ့ထက်သာအုံးမယ် လှုပ်ရှားမှုမရှိ ငြိမ်ကျသွားလိုက်တာများ လူကသာငြိမ်ကျသွားတာ သူ့ရဲ ရင်ဘက်ထဲက နှလုံးသားကတော့ ဆူညံပွတ်လောကိုရိုက်နေတာဘဲ ဒုတိယကမ္ဘာစစ်ပွဲများ ဖြစ်နေသလားအောင်းမေ့ရတယ်
ESTÁS LEYENDO
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်