Unicode🖤
"ဦးငယ် မောင်လေးကိုရှာမတွေ့သေးဘူးလား
နိုင်ငံခြားကို ထွက်သွားကြတယ်ဆိုတာအမှန်ဘဲလား''ဦးငယ်ဆိုတာ ရှေ့နေတစ်ယောက်ဖြစ်သည် အမွေကိစ္စတွေကို
ထိန်းသိမ်းထားသူတစ်ယောက်ဆိုလည်းမမှားပေ
ငယ်ငယ်ထဲက ကွဲသွားခဲ့တဲ့ မောင်ဖြစ်သူကို နေအိမ်မှာ သွားရှာခဲ့သော်လည်းမတွေ့ခဲ့ပေ ဒီနှစ်တွေမှာ ဆက်တိုက်ရှာခဲ့သော်လည်း အိမ်ကိုပင်ရောင်း၍ နိုင်ငံခြား ထွက်သွားတယ်ဆိုတဲ့သတင်းကိုသာ ကြားသိခဲ့ရသည် မောင်ကိုမြင်တွေ့ချင်သော်လည်း အတားဆီးအမျိုးမျိုးကြောင့် မတွေ့ရပေ ခုနေပြန်တွေ့ရင်တောင် လက်မောင်းနားက အမှတ်နီလေး ကိုသာသူကောင်းကောင်းမှတ်မိနေသည် မိခင်( ဒေါ်စံပယ်လှိုင်သာ) သေသွားပြီး ဖခင်ဖြစ်သူ နောက်မိန်းမယူလာထဲက အဖွားဖြစ်သူ က သူ့ကို ခေါ်လာခဲ့တာ သူ့မောင်လေးအသက်၅ နှစ်သားတုန်းကပင်အဲ့ချိန်ထဲက သူ့တို့မောင်နှမကွဲသွားခဲ့သည်
ခုသူအသက် ၂၅နှစ်ပြည့်၍ အမွေတွေကို ပေးရန် အသင့်ဖြစ်နှင့်ချေပြီ သို့သော် မေဇာသာ တစ်ယောက်က ကိုယ့်ခြေထောက်ပေါ်ကိုရပ်၍ အရည်ချင်းအပြည့်ဝရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည် ဤအမွေအားလုံးကို သူ့ရဲ့တစ်ဦးတည်းသော မောင်ဖြစ်တဲ့ နေသာလျှံ ကိုသာလွဲပေးချင်သည့်အတွက် သူ့မောင်ဖြစ်သူကို လိုက်လံရှာဖွေနေခြင်းဖြစ်သည် သူတို့ရဲ့ဘိုးဘွားပိုင် အိမ်ကြီးနဲ့အတူ ပါပါးစိုက်ပျိုးခဲ့တဲ့ မေမေ့အတွက် စံပယ်ခင်းကြီးကို ပိုင်ရှင်တွေဆီက ပြန်ဝယ်ခဲ့သည် စိတ်ထဲမှာတော့ လောကကြီးမှာ သူတစ်ယောက်ထဲရပ်တည်နေရတာမို့ မောင်ဖြစ်သူကို သူ့အနားမှာခေါ်ထားချင်မိသည် အမတစ်ယောက်ရဲ့တာဝန်တွေကိုမယူဘဲ မိထွေးနဲ့အတူထားခဲ့မိလို့ နောင်တလည်းရသလို တွေးမိတိုင်းလည်းသူဝမ်းနည်းလို့လာသည် အဖွားရဲ့အမိန့်တွေကြောင့် မောင်လေးကို မတွေ့မမြင်ခဲရပေ ဖခင်ဖြစ်သူ ဆုံးသွားတုန်းကလည်း သွားတွေ့ခွင့်မရခဲ့ပါဘူး ခုနေမောင်လေးကို ပြန်တွေ့ရင် လိုလေသေးမရှိအောင်ထားမည် တောင်းတသမျှ အားလုံးလုပ်ပေးမည်....."သမီးလေး ဒီနေ့စာချုပ်မှာလက်မှတ်ထိုးပြီးရင် ပိုင်ဆိုင်သမျှကို သမီးလေးကိုယ်တိုင် လိမ်လိမ်မာမာ နဲ့ ထိန်းသိမ်းရမယ်နော်''
ESTÁS LEYENDO
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်