ရန်ငြိုးလေးများ

453 19 15
                                    

Unicode

"ကိုကို ကျွန်တော် ရေသောက်ချင်တယ်''

ကလေးငယ် ဆေးရုံးမှာအိပ့်ယာနိုးလာခြင်းပင်
ဘေးနားက ကိုကိုကတော့ သူ့လက်လေးကိုင်ရင်း ကုတင်ဘေးမှာ အိပ့်ပျော်နေရှာသည် ကိုကိုအိပ့်နေတာကိုသူထိုင်ကြည့်နေတာ အတော်ကြာခဲ့ပြီ

"ဟင်း ကလေး သတိရပြီလား သက်သာလား ဘယ်လိုနေသေးလဲ အဆင်ပြေလား''
"ရေသောက်ခြင်တယ်လို့''
"အင်း ကိုကိုထည့်ပေးမယ်နော်''

"ကလေး အရက်တွေသောက်ထားတယ်ဆို ဟုတ်လား
နောက်ဆို မသောက်နဲ့နော် ကိုကို မကြိုက်ဘူးမသောက်နဲ့နော်''

စကားသံကို မတိုးမကျယ်လေးနဲ့ ဒေါသ ဖြစ်နေတဲ့အသံလည်းမဟုတ် မဖြစ်တဲ့အသံလည်းမဟုတ်

"ဟုတ်ကဲ့ပါ ကျွန်တော့်ရဲ့ ချစ်ယောကျာ်း ရယ် နောက်ဆိုမသောက်တော့ပါဘူးနော် ခုလည်းမသိလို့သောက်မိတာပါ''

ကလေးငယ်ရဲ့ စကားသံ ချွဲချွဲလေးတွေက သူ့ဘဝထဲကိုနေရာယူခဲ့တာ ကြာခဲ့ပါပြီး အချိန်နဲ့အမျှ ပိုပိုလို့သာ ချစ်လာသည်
ထာဝရ အပိုင်သိမ်းထားချင်သည် အသက်တွေကြီးလာသည်အထိ ကလေးနဲ့ဘဝတစ်လျှောက်လုံးကို ကျော်ဖြတ်ဖို့ အတွက် သူ့အနားမှာ သူ့ရဲ့အသက်လို့ဆိုရမလောက်အောင်
သူအရမ်းချစ်တဲ့ ကလေးသာ အဓိက ဖြစ်နေသည်

****************🌸
၂ရက်ခန့်ကြာသော် 🌼🌼🌼🌼🌼🌼🌼🌼

"ကိုကောင်း မနက်ဖြန်ရုံးတတ်မှာလား''

ဆိုဖာပေါ် game ထိုင်ဆော့နေတဲ့ ကလေးငယ်က TV ထိုင်ကြည့်နေတဲ့ ကောင်းကင်ယံ ကို မေးလိုက်ချင်းပင်

"သွားမှာလေ ညီ ဘာဖြစ်လို့လဲ''

"ကျွန်တော်လိုက်ချင်လို့ပါ''

"အကိုလေးကို သွားပြောလေ သူခွင့်ပြုရင်လိုက်လို့ရမယ်''

ပိုးဟပ်ဖြူ က ရုံးကိုအတင်းခေါ်နေရင်တောင် လိုက်မည့်သူအဟုတ်ပါ အခုမှ သူအတင်းလိုက်ချင်နေတာ အကြောင်းမဲသက်သက်တော့ဖြစ်မည်မဟုတ်ပါ☘☘☘☘☘☘

"ကိုကိုရေးးးးးးးးးး''

"ဗျားးးးးးးးးး''

ကလေးငယ်က Game ကိုသဲကြီးမဲကြီးတိုက်နေရသောကြောင့် စွမ်းထက်ရှိရာ အပေါ်ထပ်သိုပင် မတတ်နိုင်တော့ဘဲ အောက်ထပ်ကနေ ထိုင်ရာမထ ကျယ်လောင်စွာ ခေါ်လိုက်ခြင်းပင် တံငါနားနီးတံငါဆိုသလို တည်ကြည်တဲ့ စွမ်းထက်ကတော့ ကလေးငယ်နဲ့တွေ့မှဘဲ တစ်ခါတစ်လေ သူပါကလေးဖြစ်နေတတ်သည် ခုလည်းအော်ခေါ်တဲ့သူက အော်ခေါ်တယ် ထူးတဲ့သူကလည်း ထိုင်ရာမထ အော်ထူးတယ်......🙃🙃🙃

ကိုယ့်ရဲ့ ဘုရင်လေးDonde viven las historias. Descúbrelo ahora