အလင်းရောင်

364 8 0
                                    

"Hello''

"Omm ကလေး''

"ကျွန်တော်ပြန်ရောက်ပြီ''

"ကိုကိုလိုက်မပို့လိုက်ရတဲ့အတွက် စိတ်မဆိုးပါနဲ့နော်''

"ဟုတ်ကဲ့''

"ပြီးတော့ ကလေး...''

တူ တူ တူ

စိတ်ပူမှာဆိုးလို့သာ ပြန်ရောက်ကြောင်းဖုန်းလှမ်းဆက်ပေမယ့်
နေသာ အတော်လေး စိတ်မကောင်းဖြစ်နေသည်
ကိုကို့အပေါ် သူစိတ်ဆိုးခြင်းမဟုတ် အမှန်တရားကို
မရှာဖွေဘဲ ချက်ချင်း ဆုံးဖြတ်ချက်တွေ ချခဲ့တဲ့အတွက်ကြောင့်ပင် မာမားနဲ့ ကိုကို့ဒယ်ဒီတို့အကြား ဘာကိစ္စ တွေရှိနေခဲ့တာလဲ ဘာ့ကြောင့် ဒယ်ဒီက ယုတ်မာတဲ့ အကွက်တွေ ချက်ချင်း ထုတ်သုံးရတာလဲ နားမလည်နိုင်
ဒယ်ဒီ ဘယ်လိုဘဲ အကြံပတ်စက်ပါစေ မာမားတို့ကြား မိသားစုပြသာနာတွေဖြစ်နေပါစေ ကိုကို့ကို ရအောင်လက်ထပ်ယူမည် ကိုကိုဟာ သူ့အပိုင်...
အတွေးတွေ နယ်ချဲ့ကာ ခဏ အကြာ ရေချိုး ထမင်းစားပြီး စာကြည့်ခန်းထဲ သွားရင် စာကိုသာ အာရုံစိုက်ပြီး လုပ်နေလိုက်တော့သည်....

"သား''

နေသာတို့ပြန်သွားထဲက အိပ့်ယာထဲ မအိပ့်ဘဲ ဟိုလိမ့်ဒီလိမ့် လုပ်နေတဲ့ သားကို ကြည့်နေခဲ့တာ အတော်ကြာပြီ

"သား ထမင်းစားရအောင်လေ''

"ဟုတ်ကဲ့ ဒယ်ဒီ''

ဒီနေ့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် မျက်နှာမကြည်မသာဖြစ်နေပေမယ့် ဒယ်ဒီ့စကားကိုတော့သူမလွန်ဆန်
သူ့ရှေ့ရှိနေတဲ့ လူကလည်းသူ့ဘဝအတွက် အလွန်ရေးပါတဲ့
ဖခင် တစ်ဖက်မှာလည်း သူ့ဘဝရဲ့ တန်ဖိုးမဖြတ်နိုင်ဘဲ
ဖူဖူးမှုတ်ချစ်နေရတဲ့ ချစ်သူ ..

ကလေးငယ်ဘာ့ကြောင့် ပန်းအိုးကိုခွဲပစ်ရတာလဲ
ဘာတွေ စိတ်တိုသွားတာလဲ ကလေးငယ်ဒေါသကြီးစိတ်ဆက်တာသိပေမယ့် အဲ့လောက်လည်းမရိုင်းစိုင်း
ဒယ်ဒီ ဒူးထောက်ရတဲ့အထိ ဘယ်အကြောင်းတရားက ဖန်တီးတာလဲ ချစ်ရတဲ့ဒီလူသားလေးနှစ်ယောက်ကို
သင့်မြတ်အောင် ဘယ်လိုလုပ်ပေးရမလဲ စဥ်းစားရခက်လှသည်

"သား စားလေ သားကြိုက်တဲ့ ပြည်ကြီးငါးသုပ် လေးလေ
ဒယ်ဒီ ကိုယ်တိုင်လုပ်ထားတာ မောင်ကောင်းနဲ့မနက်အစောကြီး စျေးထဝယ်ထားတာလေ အရမ်းလတ်ဆက်တယ် စားသား ကောင်းကောင်းစားနော်''

ကိုယ့်ရဲ့ ဘုရင်လေးWo Geschichten leben. Entdecke jetzt