Unicode
နေ့ခင်းထမင်းချိန်တောင်ရောက်နေပြီဖြစ်သောကြောင့်
စွမ်းထက် ကလေးငယ်ကိုဖုန်းခေါ်နေသော်လည်း ဖုန်းမကိုင်ပေ မေဇာ့ကို ခေါ်လည်းမရ
ခေါ်မရတဲ့အဆုံး မေဇာရဲ့ ရုံးခန်းသို့ လျှောက်လာခဲ့လေသည်
အခန်းရှေ့ရောက်တော့ တံခါးလာဖွင့်တဲ့ မေဇာ့ကို မျက်လုံးပြူးလျက် ဘာတွေဖြစ်နေတာလဲဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်မိသည်ပြာပြာသလဲ ကလေးငယ်ကို ကြည့်လိုက်တော့ ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်အိပ့်နေသည်ကို တွေ့လိုက်ရသည်
အိပ့်နေတာမို့ ရင်ထဲက အပူကတော့ကျသွားခဲ့သည်
မေဇာ့ကိုကြည့်လိုက်တော့ ခေါင်းမှာပွန်းပဲ့ရာနဲ့သွေးများစို့နေသည်ကို တွေ့လိုက်ရသည် စာပွဲတစ်နေရာ အဆင်သင့်ရှိနေတဲ့ ဆေးအိတ်ကိုယူပြီး မေဇာ့အား နဖူးကို ဆေးထည့်ပေးပြီး ပလာစတာ ကပ်ပေးလိုက်သည် အခန်းတွင်းမှာ တော့ ရှုပ်ပွနေတာကို တွေ့လိုက်ရသည် ဘာတွေဖြစ်နေလဲဆိုတာကို မမေးနေတော့ဘဲ ကလေးငယ်ကိုသာ ပွေ့ချီလျက် သူ့ရဲအခန်းကိုသာ ပြန်သွားလေသည်အိပ့်ဆေးအရှိန်ကြောင့် ပိုးဟပ်ကတော့ တော်တော်နဲ့တော့ အိပ့်ယာထမည်မဟုတ်ပါ
"မိန်မိန်း.... ''
"ကလေးလေး ခုတလောဆိုးလာတယ်နော် ကိုကို ကလေးလေးကို အလိုလိုက်ရာမကျဘဲ ဖျက်စီးနေသလိုများဖြစ်နေမလား''
အိပ့်ပျော်နေတဲ့ကလေးငယ်ရဲ့ ဘေးနားမှာထိုင်၍တစ်ယောက်ထဲပြောနေရင်း ကလေးလေးကို သူအလိုမလိုက်သင့်ဘူး
ဒီထက်ဆိုးလာရင် ဖျက်ဆီးသလိုဖြစ်ပြီး ပျက်စီးသွားမှာကို သူကြောက်နေမိသည် အတွေးတွေကိုရပ်ပြီး CCTV ပြန်ကြည့်ရန် ပြင်လိုက်သည်
ခဏအကြာမှာတော့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး ရယ်ရခက် ဆူရခက်နဲ့ နှစ်ယောက်လုံး မှာနေတာကိုတွေ့ခဲ့ရတယ် သို့သော် ကလေးလေးက ယောကျ်ား လေးမို့ မိန်းကလေးတစ်ယောက်ကို ဒီလိုမလုပ်သင့်ကြောင်းကိုတော့ဆူရအုံးမယ်အဆိုးဆုံးက လန့်ဖျက်ပြီး ရူးမတတ်အော်နေတဲ့ မေဇာ့ကို ထိုင်ဟားတိုက်နေတာဘဲ မေ့လဲသွားသော်လည်း အရယ်မပျက်တာကိုဘဲ
" ဟူးးးးမိန်မိန်းး တော်တော်ဆိုးနေပြီနော်''
နေ့လည်စားလည်းမစားတော့ဘဲ ကလေးငယ်ကိုကြည့်ရင်း အလုပ်တွေကိုသာဆက်လုပ်နေလေသည် ကောင်းကင်ကလည်း ကြော်ငြာရိုက်ကူးရေးကြောင့် အပြင်ရောက်နေလို့
ထမင်းစားဖို့လာခေါ်မည့်သူလည်းမရှိပေ
အလုပ်တွေလုပ်နေရင်း ညနေ၅နာရီပင် ထိုးနေပြီ
ESTÁS LEYENDO
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်