"အကိုလေ မနက်စာ ကျွန်တော်ပြင်လာခဲ့ပါတယ်"
"ထားခဲ့လိုက်လေ "
ဒေါက် ဒေါက်..🗯🗯🗯
"ဆရာ ဒါက လက်မှတ်ထိုးပေးရမယ့် စာရွက်ပါ
promotion ပွဲအတွက် နေ့လည် သွားတွေ့ချိန်က
၂နာရီပါ ပြီးတော့ မင်းသမီးနဲ့တွေ့ဖို့ အချိန်က ၄နာရီမှပါ
ကြော်ငြာကိစ္စလေးပြောပြီးရင်ပြီးပါပြီ ကျန်တာ Marketing ပိုင်း ဆက်လုပ်သွားမှာပါ""Ok"
အလုပ်တွေသာလုပ်နေတာ စိတ်ကတော့ သူမနက်က ကြီးစိန်ကိုအော်လိုက်တာ ကလေးငယ် ကြောက်သွားတာကို သူမြင်မိလိုက်တယ် သူ့ကိုစိတ်ဆိုးသွားမလား လူကြမ်းကြီးလို့မြင်သွားမလား စိုးရိမ်နေလေသည်
ကလင် ကလင်☎☎☎☎
"Hello "
"ကြီးစိန် ပိုးဟပ်ဖြူကိုထမင်းကျွေးပြီးပြီလား"
"ဟုတ်ကဲ့ ကျွေးပြီးပါပြီ"
"စားရော်စားရဲ့လား"
"ဟုတ်ကဲ့ ထည့်ပေးထားတယ် အကုန်နီးပါးကုန်အောင်စားပါတယ်"
"ခုရော် သူဘာလုပ်နေလဲ"
"ခြံထဲမှာ စံပယ်ပန်းတွေကြည့်နေတယ်"
"ဘာ!!!!!!! စံပယ်ပင်"
"ဟုတ် ဟုတ်ပါတယ်"
ဒုန်း..........👊
ဖုန်းကို စောက့်အောက်၍ ချပစ်လိုက်သည်....
"Hello Hello သား စွမ်းထက် အယ် ဖုန်းချလိုက်တာလား"
ဘာကိုစိတ်ဆိုသွားမှန်းသူ့ကိုသူမသိပေမယ့် ကလေးငယ် သူရင်ခွင်က ကန်ထွက်သွားမှာကို သေမတတ်ကြောက်နေမိတာအမှန်ပင် သူ့ရဲ့ ရင်ဘက်တစ်စုံက အလိုလိုနာကျင်လာတယ်
ပြိုကျတော့မယ့် တိမ်တိုက်လိုမျိုး မျက်လုံးထဲက တွဲလွဲခိုနေတဲ့ ရေစက်ကလေးတွေက စီးကျတော့မည့်အသွင်သူကိုယ်တိုင်စံပယ်ခင်းကို စိုက်ခဲ့ပေမယ့် ခုချိန်မှာ ကလေးငယ်တစ်ခုခုကိုသတိရသွားမှာဆိုး၍ အမြစ်ပါမကျန် အပြတ်ရှင်းပစ်ဖို့ ကြံရွယ်နေလေသည်
(အပြစ်မဲ့တဲ့ စံပယ်ပင်လေးဘဝတော့မတွေးရဲစရာဘဲ)
"ဆရာ သွားရအောင်လေ ဟယ် မျက်နှာလည်းမကောင်းပါလား ဘာဖြစ်တာလဲ နေမကောင်းဘူးလား မေဇာ ဆေးခန်းလိုက်ပို့ပေးမယ်လေ "
နဖူးပေါ်လက်ကလေးလာတင်တာကို စွမ်းတစ်ယောက်မသိမသာ ဖယ်ရှား လိုက်နိုင်ခဲ့သည် မေဇာတစ်ယောက်ကတော့
နှုတ်ခမ်း တစ်ခြမ်းကို မဲ့ပြုံးပြုံးလိုက်သည် သိပ့်ကျေနပ့်ပုံမရ"ဆရာ ကြော်ငြာကိစ္စဖျက်လိုက်ရမလား မေဇာကြည့်လုပ်လိုက်မယ်လေ ဆရာနေမကောင်းရင်နားပါ"
"မလိုဘူး"
စိတ်တိုနေဟန်ရှိတဲ့ ကိုစွမ်းထက်ကိုကြည့်ရင်းအပြင်ဘက်ကနေဘဲစောင့်နေရန် အခန်းအပြင်သို့ ဦးတည်၍ ထွက်လာခဲ့လေသည်
"ကိုစွမ်းထက် မေဇာအချစ်ကိုမမြင်တာလား"တစ်ယောက်ထဲတီးတိုးပြောနေတဲ့မျက်နှာထားက ဗီလိန်မကြီးတစ်ယောက်လိုကြောက်စရာကောင်းနေသည် မေဇာတစ်ယောက် ဘာလုပ်ဖို့စဥ်းစားနေတာလဲ ကလိမ်ကကျစ် တတ်တဲ့နေရာမှာ သရုပ်ဆောင်တောင်အရှုံးပေးရလောက်အောင် ဟန်ဆောင်မှုကလက်ရာမြောက်လှတဲ့ မိန်းကလေးတစ်ယောက်မို့လား
"မေဇာ သွားရအောင် ကောင်းကင်ရော် ကားထဲမှာလား"
"အယ် မဟုတ်ဘူးဆရာ ကောင်းကင်က ဟို product တစ်ခုအကြောင်းကို လုပ်နေလို့ မလိုက်နိုင်ဘူးလို့ပြောပါတယ်"
"အင် ကောင်းပြီ သွားမယ်"
[ကောင်းကင်ကမလိုက်နိုင်ဘူးလို့ပြောစရာလား ဟွန့် အစစ်မ
နင့်အကြံတွေ ငါသိနေတယ်နော်😏]
YOU ARE READING
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်