မနက်မလင်းခင်ထဲက နေသာလျှံ ကျောင်းစာတွေကို ကြိုးစားပမ်းစား ထလုပ်နေသည် ဒီနေ့ဟာ သူ့ရဲ့နောက်ဆုံးစာမေးပွဲမဟုတ်လားး နောက်တစ်နှစ်ပြီးရင် သူဖြစ်ချင်တဲ့ အင်ဂျင်နီယာ ဖြစ်ရတော့မည်... စာအုပ်ပုံကြား ခေါင်းစိုက်ကာ.. မအားနိုင်ရှာပေ ကော်ဖီခါးခါးလေး တစ်ခွက်ကိုမော့ချရင်း ပုဒ်စာတိုင်းကို ဖြေရှင်းလို့နေပေသည်..
မနက် ၆ နာရီထိုးတော့ ဘုန်းခကို ဖုန်းဆက်ပြီး ကျောင်းစောစောသွားဖို့ပြင်လိုက်သည်..အဝတ်စားသေသပ်စွာနဲ့
စတိုင်မိမိုက်နေသူ နေသာဟာ နှုတ်ခမ်းနီမတွေကြား အလွန်ရေပန်းစားလှသည် တစ်ကျောင်းလုံး နေသာနဲ့ဘုန်းခဆို မကြိုက်တဲ့ မိန်းကလေးဆိုတာ မရှိသလောက်ပါဘဲ
ဘုန်းခအောင်ဟာ အနေအေးသူမို့ ကောင်မလေးများစိတ်ဝင်စားကြသလို နေသာဟာလည်း စာသိပ့်တော်တဲ့ကျောင်းသားမို့ ပေါ်ပင်ဖြစ်လို့နေသည်.."နေသာ သွားရအောင်လေ''
အောက်ထပ်က ဘုန်းခရဲ့ အသံကြောင့် နေသာ ရေမွှေးသင်းသင်းလေးကို လည်ပင်တစ်ဝိုက် ပတ်ဖျန်းရင် အိတ်ကိုဆွဲယူကာ ဖုန်းလေး လက်က ကိုင်လျက် ပြေးဆင်းလာခဲ့သည်...
"သွားရအောင်''
"သာသာ!!!!''
နောက်ကအော်လိုက်တဲ့ အစ်မအသံကြောင့် ကားတံခါးဖွင့်နေရာမှ တစ်ချက်လှည့်ကြည့်လိုက်မိသည်
"မောင်လေး ဒီအဆောင်လေးယူသွားနော် စာမေးပွဲအောင်အောင် အစ်မ မနေ့က ဗေဒင် မေးလာလို့''
ဗေဒင် တွေကို သူမယုံပေမယ့် အစ်မကို စိတ်မပျက်စေချင်တာကြောင့် စိတ်ချမ်းသာအောင် ယူလာခဲ့လိုက်လေသည်...
လမ်းတစ်လျှောက် ဖုန်းထဲက စွမ်းထက်နဲ့သူတို့ နှစ်ယောက်ရိုက်ထားတဲ့ ပုံလေးတစ်ချို့ကို ကြည့်နေမိပြန်သည်
ကိုကို နိုင်ငံခြားထွက်သွားတာ တစ်လကျော်ပြီလေ သူတို့နောက်ဆုံးတွေ့ခဲ့တဲ့ နေ့က ဆေးတိုက်ပြီး မနက်စောစော ကိုကို ပြန်လာခဲ့မယ်ပြောပြီး ဖုန်းလေးတစ်ချက်တောင်မဆက်ဘဲ ပျောက်သွားခြင်းပင် ကိုကောင်းရဲ့ စကားအရ သူ့အဖေနဲ့ လိုက်သွားရခြင်းဖြစ်တယ်ဆိုတာက လွဲလို့ဘာမှမသိရ ဒီလအတွင်း အစ်မဖြစ်သူကလည်းမျက်နှာမကောင်း အလုပ်အတော်ရှုပ်နေပုံ တစ်ခါတစ်လေ ဒေါသထွက်နေတယ် တစ်ခါတစ်လေ စိတ်ဓာတ်ကျနေတယ်..သူ့ရှေ့မှာပြုံးထားပေမယ့် သူ့အစ်မရဲ့ မျက်နှာကို အကဲခက်မိနေတာ ကြာပါပြီ ဘာတွေဖြစ်နေကြမှန်းမသိပေမယ့် စာမေးပွဲကိုသာ အာရုံစိုက်ထားလိုက်လေသည်...
ESTÁS LEYENDO
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်