မနိုင်စိန်လေးပါနော်

631 18 8
                                    

Unicode 💙💙

"အလုပ်တွေလုပ်နေတာလား''
"....ကလေးပါလား ထူးထူးခြားခြား  ကိုကို့အခန်းထဲလာလို့ပါလား''
"ကိုကိုမှမလာတာ ဒီကလွမ်းလို့ ရူးရတော့မယ် ''
"Wow... အမလေးဗျာ ကိုကို့ အသဲကို တစ်စချင်းဆီကြေမွအောင် ပြုစားနေတော့တာဘဲ''
"ဟားးးးး ကိုကိုက ပိုပြီနော်''
"မပိုပါဘူး ကလေးအတွက်ဆို ကိုကိုက လိုတောင်လိုနေသေးတယ်''
"လာပါကိုကိုရာ ကျွန်တော် အိပ့်ချင်နေပြီ ကိုကို့ကိုစောင့်ရတာ သိပ့်ကြာတာဘဲ''
"ကောင်းပါပြီ ဘုရင်လေးရယ် အမိန့်အတိုင်းပါဘဲဗျာ''

ကလေးရဲ့ပြောစကားကိုမလွန်ဆန်နိုင်တဲ့ လူကြီးတစ်ယောက်ကတော့ ပြောတဲ့အတိုင်း ဘဲ မပြီးပြတ်သေးတဲ့အလုပ်တွေဟကို
ပြစ်ထားခဲ့ကာ ကလေးနောက်ကောက်ကောက်ပါအောင်လိုက်သွားလေပြီ

"ကိုကို စောင်ခြုံပေးအုံးလေ ''

ကလေးငယ်က ရင်ခွင်ထဲနေရာယူပြီး ခြေထောက်တစ်ဖက်ကလည်း သူ့အပေါ် ခွထားသေးတယ် လက်ကလေးကလည်းဖက်ထားသေးတယ် လက်မောင်းပေါ် ခေါင်းလေးတင်ထားသေး အတော်ကိုဇိမ်ကြနေတာဘဲ

ရင်ခွင်ထဲမှာ ဇိမ်ယူနေတဲ့ကလေးငယ်ကို နဖူးလေးတစ်ဖွဖွ နမ်းပေးပြီး

"ကလေး ကိုကို မနက်ဖြန် နေပြည်တော် သွားဖို့ရှိတယ် ၃ ရက်ကြာမယ်နော်''

"ဟမ်းးး ကိုကိုကလည်း အကြာကြီးပဲ ဘယ်သူနဲ့သွားမှာလဲ''

"မေဇာနဲ့ပါ''

"ဟာ ဘာလို့လဲ ကိုကောင်းကိုဘဲခေါ်သွား''

"မရလို့ပေါ့ ကလေးရဲ့ ခုသွားမယ့် ကိစ္စက မေဇာရဲ့ Department နဲ့ဆိုင်တာမို့ပါ''

"ကိုကိုနော် စိတ်မချဘူး ကားတူတူမစီးရဘူး တစ်ယောက်တစ်စီးသွား''

"ဟမ်းးး အွန်း  အင်းပါ ကလေးသဘောအတိုင်း ကျေနပ်ပြီလား ''

"သိပ့်တော့မကျေနပ်ဘူး အလုပ်ကိစ္စနဲ့ မို့ခွင့်ပြုရတာ ဘဝင်မကျဘူး ကိုကို''

"စိတ်ချပါနော် ကလေးမကြိုက်တာကိုမမြင်ကွယ်ရာမှာဘာဆိုဘားမှမလုပ်ဘူး အိပ့်တော့နော်''

"မြင်တဲ့နေရာမှာလုပ်မယ်ဆိုတဲ့သဘောလား''

"ဟာ ရစ်စိန်လေး မလုပ်ဘူး မလုပ်ဘူးစိတ်ချ မိန်မိန်းရားးးးး''

ကိုယ့်ရဲ့ ဘုရင်လေးNơi câu chuyện tồn tại. Hãy khám phá bây giờ