Unicode💚
ခွပ်!!
ငါ ိုးမသားလေး မင်းဘာလုပ်နေတာလဲ ''
အတင်းအကျပ်ဖတ်ထားသော စွမ်းထက်ကို နေသာတစ်ယောက် မညှာမတာ ဆွဲထိုးလိုက်ခြင်းပင် နေကောင်းခါစ စွမ်းကတော့ အားအင်မရှိတာကြောင့် မြေကြီးနဲ့ဝမ်းဆက် ဖြစ်သွားရရှာသည် သူ့ကိုမမှတ်မိတော့ဘူးဆိုတာ သိနေပေမယ့်လည်း မသိစိတ်က လွတ်သွားပြီး တအားတွေလွမ်းနေခဲ့တာမို့
ဘာမှမပြောဘဲ ဖတ်ထားလိုက်ခြင်းကြောင့် အပြစ်ပေးခံရခြင်းပင် စတွေ့ထဲက ခပ်စွာစွာကောင်လေးမို့ ခုအတိတ်ကိုပြန်သတိရသွားတော့လည်း အရင်က သူ့ကလေးလေးနဲ့မတူ ခပ်စွာစွာကောင်လေးတစ်ယောက် ဖြစ်လို့နေပေသည်🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺"ဟာ အကိုလေး ဘာဖြစ်သွားသေးလဲ သွေး သွေးတွေပါလား''
ပိုးဟပ်!!!!!
လက်ကိုလှမ်းဆွဲလိုက်သေကြောင့် ကောင်းကင်တစ်ယောက်ဘာကိုမှ မပြောတော့ဘဲ ကြောင်ကြည့်နေတဲ့ ကလေးနှစ်ယောက်ကို စိတ်တိုနေတဲ့ မျက်လုံးများဖြင့်သာကြည့်လို့နေပေသည် ပိုးဟပ်ဘေးက သူရင်ခုန်နေမိတဲ့ ကောင်လေးဆိုပေမယ့် ခုချိန်မှာ အကိုလေးက သူ့အတွက်အရေးကြီးလို့နေပေသည်
"အကိုလေး အဆင်ပြေရဲ့လား ရင်ဘက်အောင့်လို့လား ဆေးခန်းအခုသွားမယ်''
သူတို့နှစ်ယောက်စကားပြောနေတုန်းမှာဘဲ နေသာဟာ ဘုန်းခလက်ကိုဆဲဲပြီး စကိတ်ဘုတ်ကို စီးသွားလေသည်"ဟင်းးးး တစ်ကယ့်ကိုစွာတာလေးဘဲ''
"အကိုလေး! !''
ဒီလောက်အထိုးခံထားရတာတောင်မှ စိတ်ဆိုးဟန်မရှိတဲ့ အကိုလေးကြောင့် စိတ်တိုရပြန်သည်
"ကောင်းကင်''
"ဟုတ်ကဲ့''
"သူ့နောက်ကိုလိုက် မမြင်စေနဲ့''
"အကိုလေး ဆေးခန်း...''
"ပြောတဲ့ အတိုင်းသာလုပ် အနာက ငါ့အတွက်အရေးမကြီးဘူး''ပြောမနိုင်တော့တဲ့အကိုလေးကြောင့် ကားကိုလိမ့်ရုံတင်လိမ့်ပြီး ကလေးငယ်နှစ်ယောက်ရဲ့နောက်ကနေ လိုက်သွားသည် ကလေးငယ် လက်ချက်ကြောင့် နှုတ်ခမ်းကွဲသွားပြီး
သွေးများဆို့နေပေမယ့် ဒီဒဏ်ရာလောက်က သူ့အတွက်ပါးပါးလေးပင် ရင်ထဲမှာတော့ အတော်ကို ဘုရားပွဲလှည့်နေရသလို ထီပေါက်သလို အပျော်ကြီးပျော်လို့နေပေသည် အိမ်ကထွက်လာခါစက လူနာရုပ်လေးနဲ့တခြားစီပင် စိတ်ထဲမှာလဲ အပြင်ထွက်ရင် ကလေးနဲ့တွေ့မယ်ဆိုတာ ကြိုသိခဲ့ရင် အိပ့်ယာထဲတောင်လဲမနေဘူးဟု တွေးတောနေပေသည်
တစ်ဖက်က ကောင်းမောင်းနေတဲ့ကောင်းကင်ကတော့ ဘုန်းခအောင်ကိုသာ နောက်က မျက်စိမခွာကြည့်နေပေသည်
စိတ်ထဲမှာလဲ သူ့ရဲ့နတ်သမီလေးကို ပြန်တွေ့ရလို့ ကလိကလိနဲ့ ဘယ်လို ခံစားချက်မှန်းကို သူမသိတော့ပါ....
BINABASA MO ANG
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်