"ကိုကို ''
မျက်လုံးလေးပင် မဖွင့်ဘဲ ပါစပ်ဖျားလေးက ကိုကို ကိုကိုနဲ့
အဖျားတွေကြီးပြီးယောင်လို့နေသည် နဖူးပြင်မှာလည်း
ချွေးစီးများစို့နေသည် အသံလေးကြားလို့မော့ကြည့်လိုက်တော့ ခေါင်းကိုအခါခါယမ်းလျှက်.. အိမ်မက်ဆိုးတွေများမက်နေသလား ကလေးရယ်"မိန်း ကိုကို ဘေးမှာရှိတယ်လေ ဘားမှမဖြစ်ဘူးနော် ''
ကလေးငယ် သူပြောတာကိုကြားသည်နှင့်တူဟန်ရှိသည်
မျက်လုံးလေးပုတ်ခက်ခက်နဲ့ အသာယာဖွင့်လို့လာကာ.."ရေ ရေသောက်ချင်တယ်''
"ဟုတ် ဟုတ်ပြီ ကလေး ကိုကို လုပ်ပေးမယ်နော်''
ဘေးနားခုံပေါ်မှာ အသင့်ရှိနေသော ရေဘူးထဲက
ရေတစ်ချို့ကို
ဖန်ခွက်ကြည်ကြည်လေးထဲ ပြောင်းထည့်ကာ ကလေးငယ်ကို ကုတင်နောက်ကျောနား မ ထူ၍ ကပ်ပေးလိုက်သည်
အားနည်းနေတဲ့ကလေးငယ်က အလိုက်တစ်သင့်ပါလာသည်
နာရီကိုကြည့်လိုက်တော့ မနက်ခင်း ၄ နာရီတောင်ရှိပါပြီ
ဘေးနားကုတင်မှာတော့ ကောင်းကင်တို့အတွဲ အိပ့်မောကျလို့နေသည် ဘုန်းခကတော့ ရှေးဦးပိုင်းက ကလေးနားမှာမအိပ်ဘဲ ထိုင်စောင့်နေလို့ ၂နာရီခွဲလောက်မှ အိပ့်ပျော်သွားရှာသည်... အပူရှိန်ကြောင့်နဲ့တူပါတယ် ကလေးငယ် ရေတစ်ခွက်လုံးကို တစ်ချိုင့်ထဲသာ မော့ချလိုက်လေသည်
ထို့နောက် ဘာစကားကိုမှ မပြောဘဲ စောင်ကိုခေါင်းထိလှမ်းယူခြုံပြီး ပြန်အိပ့်ပျော်လို့သွားသည် သေချာတာတစ်ခုကတော့ ကလေးလေး သူ့ကိုစိတ်ဆိုးနေခြင်းပင်...*မိန်းမိန်း ကိုကို တောင်းပန်ပါတယ်နော် အနားမှမရှိပေးနိုင်ခဲ့လို့ပါ*
ဘာမဆိုင်ညာမဆိုင် ရင်ဘက်နှလုံးသားငယ်က အောင့်လာကာ မျက်ရည်စတွေက တံခါးမရှိဓားမရှိ ကျဆင်းလာသည်
ဒယ်ဒီ့တို့အကြောင်းကို သိသင့်သလောက်သိထားပေမယ့်
ဒီအပြစ်တွေက ကလေးနဲ့ဘားမှမဆိုင် တစ်သက်လုံး ဒယ်ဒီ့စကားကို နားထောင်လာခဲ့သော်လည်း ဒီတစ်ခါတော့..
လွန်ဆန်ရပေအုံးမည်...ဒယ်ဒီ့ကိုသိပ့်ချစ်ပါတယ်
ဒါပေမယ့်......ဘေးနားက ကောင်းကင်နဲ့ဘုန်းခကိုလည်း စောင်လေးလုံလုံခြုံခြုံဆွဲခြုံပေးရင်း သိပ့်ကိုဖြူစင်ကြတဲ့ ကလေးတွေကိုအားကျမိတယ် အပူပင်ဆိုတာမရှိသလောက် သူတို့ချစ်ခြင်းကို ခွဲမည့်သူဆိုတာလည်းမရှိ သူ့တို့အချစ်ခရီးကဖြောင့်ဖြူးပေမယ့် တစ်ဖက်က ကလေးငယ်ကို လည့်ကြည့်လိုက်ကာ
ကိုယ်တို့အတွက် အခက်ခဲများစွာရှိတာကို သိပါတယ် ဒါပေမယ့် ကလေးလေးကျောင်းပြီးတာနဲ့ ကိုယ်လက်ထပ်မယ်
အုပ်ထိန်းသူဖြစ်တဲ့ မေဇာသာ ဆီမှာ သွားတောင်းမယ်
ဒယ်ဒီ သဘောမတူလည်းရအောင်ယူမယ် ပျော်ရွှင်တဲ့မိသားစုလေးကိုလိုချင်တယ် သားလေးတစ်ယောက်လောက်လည်း စိတ်ကူးထဲပါလာကာ မျက်ရည်အပြည့်ဖြင့် အဖြူရောင်အပြုံးလေးကလည်း နှစ်နှစ်ကာကာ ပြုံးမိသည်
မသိတဲ့လူတစ်ယောက်ယောက်က ကြည့်မိရင် ရူးနေတယ်လို့ ထင်ကောင်းထင်နိုင်သည်
KAMU SEDANG MEMBACA
ကိုယ့်ရဲ့ ဘုရင်လေး
Romansaပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်