သို့အတိတ်

600 19 0
                                    

Unicode💙

ဒုန်း.............ခလွမ်း (ဖန်ခွက်နဲ့ပစ်ပေါက်တဲ့အသံပင်)

"နားမလည်ဘူးလား နင့်ကို ငါ့စားပွဲခုံပေါ်ကို ဒီစံပယ်တွေမတင်ရဘူးဆိုတာကို နင်တို့ကို ဒေါ်မြ မပြောထားဘူးလား"

"ဟုတ် ဟုတ်ကဲ့ သမီးမေ့သွားလို့ပါမမလေး''

ဖြန်း!!!

အား..

"မေ့တယ်တဲ့လား မေ့တယ်ဆိုတာစိတ်မဝင်စားလို့
စိတ်မဝင်စားဘူးဆိုတာအလုပ်မလုပ်ချင်လို့ မလုပ်ချင်ရင်ထွက်ကြ လစာအလကားမယူကြနဲ့''

"ဟူတ်...ဟုတ်^^ကဲ့ မမလေး''

"ထွက်သွား ငါ့အခန်းထဲက နင့်ကိုမမြင်ချင်ဘူး''

မေဇာဟာ ငယ်ငယ်လေးထဲက မိဘတွေနဲ့ခွဲပြီး အဖွားဖြစ်သူ ဒေါ်ခင်သန်းထူး နဲ့သာနေထိုင်ခဲ့ရသည် ပိုးမွေးသလိုမွေးခဲ့ရတာကြောင့် အဖွားဖြစ်သူက လိုတာထက်ပိုပြီး အလိုလိုက်တာကိုခံခဲ့ရသည် အဖွားထားခဲ့တဲ့ ဒီခြံနဲ့အိမ်ကိုထိန်းသိမ်းရင်း အလုပ်တွေကိုဖိလုပ်ကာ Marketing Manager တစ်ယောက်ဖြစ်လာခဲ့သည် ငယ်ငယ်လေးထဲက အလိုလိုက်ခံထားရတာကြောင့် ခုချိန်မှာအရမ်းဆိုးနေတာ သူ့အပြစ်တော့မဟုတ်ပေ ဒေါ်မြဆိုတဲ့ အမျိုးသမီးက သူငယ်ငယ်ထဲက ပြုစုခဲ့ရတဲ့ လူဖြစ်ဖြစ်တာကြောင့် သူ့အကြောင်းကိုကောင်းကောင်းသိနေသည်....

တရှုံ့ရှုံငိုပြီးထွက်လာသော နှင်းနုက

"အန်တီမြ မမလေးကလေ သမီးကို ရွတ်... သမီးကိုရိုက်တယ်''

"သမီးက ဘာသွားလုပ်လို့လဲကွယ်''

"မမလေး စားပွဲပေါ်စံပယ်ပန်လေး စိတ်ကြည်အာင်လိုထားထပေးတာကို ခုလိုလုပ်တာပါ ''

"ဘာ.. ဘယ်လို ဘယ်လို စံပယ်ပန်း ဟုတ်လား''

စံပယ်လို့ကြားလိုက်တာနဲ့ ဒေါ်မြက တစ်အားထိပ့်လန့်သွားပုံ
အရမ်းစိုးရိမ်သွားပုံဖြင့် မေဇာ့ အခန်းထဲသို့ခပ်သွက်သွက်ပြေးဝင်သွားခဲ့သည်

ဒေါက် ဒေါက်.......

"မလာနဲ့!!!! ဘယ်သူမှမဝင်လာနဲ့''

"သမီးလေး ဒေါ်မြပါကွယ် ဝင်လာမယ်နော်''

ဒေါ်မြရဲ့အသံကိုကြားရုံဖြင့်တအားဝမ်းနည်းနေသောအသံဖြင့် ဝင်လာဖို့အချက်ပြလိုက်သည် အခန်းထဲဝင်လာသော ဒေါ်မြကို ပြေးဖတ်၍ ကလေးငယ်တစ်ယောက်လို အော်၍စိတ်လွတ်စွာငိုနေပါတော့သည်

ကိုယ့်ရဲ့ ဘုရင်လေးWhere stories live. Discover now