နားလည်ပေးပါ

377 11 0
                                    

"ဒယ်ဒီ''

တစ်ခါးမှ လက်နဲ့တောင်မရွယ်ခဲ့တဲ့ ဒယ်ဒီ့ကြောင့် ရင်ထဲအလိုလိုအောက်တက်လာပြီး မျက်ရည်မထွက်ဘဲ ဝမ်းနည်းရပြန်သည် ရိုက်ချက်ပြင်းတာကတစ်ကြောင်း ဘုန်းခထိုးခံရတဲ့ ပါးတစ်ခြမ်းဖြစ်နေတာက တစ်ကြောင်းမို့ နှုတ်ခမ်းအပေါ်မှ သွေးများ ကျဆင်းလာသည်...
ဒယ်ဒီ စိတ်ဆိုးရင်လည်းမမှားပါ မပတ်သတ်စေချင်လို့
အမျိုးမျိုး အနုနည်းနဲ့ တားနေတယ်ဆိုတာကို သိသိရက်နဲ့
ရအောင် သွားတွေ့ခဲ့တယ် မဟုတ်လား..

ဘယ်လို အခက်ခဲဘဲရှိရှိ ရအောင်ဖြေရှင်းမည်
ကလေးငယ်ကို သူလက်မလွတ်နိုင်

သူ့ဘဝရဲ့ အချစ်ဦး အချစ်ဆုံးလေးမို့

"သား ဒယ်ဒီ မကြိုက်တာတွေကို ဘယ်တုန်းက လုပ်တတ်သွားတာလဲ''

ဒယ်ဒီ့ အမေးကြောင့် ခေါင်းလေးမော့ကြည့်မိသည်

"ဒယ်ဒီကရော် ဘယ်တုန်းက လိမ်ညာတတ်သွားတာလဲ''

အမေးကို အမေးဖြင့် စသောကြောင့် ဉီးထက်ဝါရှိန် အခက်တွေ့သွားတော့သည်

"သား ဒယ်ဒီ လုပ်နေတာတွေက သားကောင်းစားဖို့အတွက်ပါ ဒယ်ဒီ သားကို ယောကျ်ား လေးတစ်ယောက်နဲ့လည်း ချစ်ကြိုက်နေတာကို လုံးဝသဘောမတူနိုင်ဘူး''

"သားကို နားလည်ပေးပါ''

"နားမလည်ပေးဘူး သား နားလည်းမလည်နိုင်ဘူး ရှေးကျတယ်ဘဲဆိုဆို ငါမွေးထားတာ သားတစ်ယောက်ထဲ မျိုးဆက် မျိုးဆက်ဆိုတာကိုမင်းဖြတ်တော့မလို့လား''

ပြောရင်းပြောရင် ဦးထက်ဝါရှိန် အလွန်ကိုဒေါသသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည် သိပ့်ချစ်ရတဲ့သားလေးကို
ဘာလို့ ယောကျားတစ်ယောက်နဲ့ ပေးစားရမှာလဲ
စံပယ်လှိုင်သာကို လက်စားချေဖို့ကို သူသိပ့်စိတ်မဝင်စားပါ
သူသားလေးကိုတော့ အပါမခံနိုင်ပါ...

"အဲ့ဒါတွေက အရေးမကြီးပါဘူးဒယ်ဒီရယ်''

"ဘာ..ကွ''

တစ်ဦးတည်းသော သားလေးဆိုပေမယ့် စွမ်ထက်က နဂိုထဲက လိမ်မာရေးခြားရှိတဲ့ ကလေးပါ ဒေါသစိတ်အရမ်းကြီးပေမယ့် ဖော်ပြတာ မရှိသလောက်ပါဘဲ

ကိုယ့်ရဲ့ ဘုရင်လေးWhere stories live. Discover now