အချိန်

837 15 9
                                    

Unicode 💚

၁ လခန့်ကြာသော်
🎆🎆🎆🎆🎆🎆🎆🎆🎇

"ဘုန်းခ လာလေကွာ မင်းဘာလုပ်နေတာလဲ ငါ့တို့နောက်ကျနေပြီကွ''

"အေးပါကွာ မင်းကလည်း လာနေပြီဟေ့ လာပြီ''

နေသာလျှံ ဆိုတဲ့ကောင်လေးတစ်ယောက် အရမ်းကိုတတ်ကြွနေတဲ့အမူယာတို့ နေ့တိုင်းလိုလို ဖြတ်ကျော်နေသည်
ဘုန်းခဆိုတာ သူရဲ့ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ပါ အရပ် ၆ပေ၁ရှိပြီး အသားရေ ဝင်းလဲ့တောက်ပကာ ရွှေအိုရောင် ဆံနွယ်ရှိသည်
မည်သူနဲ့မှ စကားမပြောပေမယ့် နေသာလျှံတစ်ယောက်ထဲကိုသာ သူခင်တွယ်သည် အနေအေးပြီး စကားနည်းသည်
ခုလည်း စကိတ်ကွင်းကို သွားဖို့အတွက် နေသာလျှံက လာခေါ်ချင်းပင်...

"ဟျောင် နွားလေး ဘုန်းခ လဲကျမယ်ဟ သေချာစီးလေကွာ
ခြေထောက်က မခိုင်ဘူးလား ''

"စီးနေတာဘဲလေကွာ သိပ့်မထိန်းနိုင်ဘူးဟ''

စကိတ်ကွင်းအပြန်တွင် chocolate ရေခဲမုန့်ကို အမြဲဝယ်စားပြီးပြန်ကြသည် မနက်ဖြန်လည်းကျောင်းဖွင့်ရက်ဖြစ်သောကြောင့် သူတို့နှစ်ယောက်ပြန်လာခဲ့ကြသည်
နေသာလျှံ ပျောက်သွားတာကြောင့် တစ်နှစ်အအောက်ခံပြီး ဘုန်းခအောင် အင်ဂျင်နီယာ ကျောင်းမှနားခဲ့သည်
တစ်နှစ်လုံးလိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ရပါ
ခုပြန်တွေ့တော့ ကျောင်းဖွင့်ချိန်ဖြစ်နေတာကြောင့် ကျောင်းအပ်ခဲ့ကြပြီး နှစ်ယောက်အတူ ကျောင်းပြန်တတ်ခဲ့ကြသည်
သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်က အတော်ကိုအမြစ်တွဲနေသည် တစ်ယောက်ကိုတစ်ယောက်လည်းဘအားကိုးကြသည် အလေးထားကြသည် နေသာလျှံ က
မိဘမရှိ တစ်ကောင်ကြွက် ဖြစ်သလို ဘုန်းခအောင်ကလည်း မိဘမဲ့ဖြစ်နေသည် နှစ်ယောက်လုံး ဘဝတူတွေမို့ အချင်းချင်းနားလည်ကြပြီး ရိုင်းပင်းကူညီကြသည်
နေသာလျှံ ပျောက်သွားတဲ့တစ်နှစ်အတွင်း သူဘယ်လိုမှဖြည်မဆည်နိုင်ဘဲ နေရာအနှံလိုက်ရှာခဲ့လေသည်.........

"ဘုန်းခ. ငါမနက်လာခေါ်မယ်နော် စောစောထ''

"မင်းဖုန်းဆက်နိုးလိုက်အုံး''

"ဟုတ်ပြီ အိမ်ထဲဝင်တော့''

******
"အဘရေ အဘ သာသာပြန်ရောက်ပါပြီဗျာ''
"လူလေ ပြန်လာပြီလား ထမင်းစားလိုက်အုံးနော် နှင်းနွယ်ကိုအဘ ဝက်သားကြော်ခိုင်းထားတယ် ပုဇွန်သုတ်ကလေးလည်းပါတယ် ''

ကိုယ့်ရဲ့ ဘုရင်လေးOnde histórias criam vida. Descubra agora