Unicode 💚
"အကိုလေး အပြင်ထွက်ထိုင်မနေနဲ့လေ အအေးမိမယ်
အခုမှ နေကောင်းခါစ ရှိသေးတာကို ''"ကောင်းကင် မင်းကလေးလေးကို ရှာမတွေ့နိုင်သေးဘူးလား''
"အသက်ရှိလျက် ရှိနေမယ်ဆိုတာ သေချာပါတယ်
ရဲမှူးရဲ့ပြောစကားအရတော့ ဒီလပိုင်း သေဆုံးမှု မတော်တဆမှုတွေအားလုံးကိုရှာဖွေတာ မတွေ့ပါဘူး'
အကိုလေ တစ်ကယ်လို့......ပိုးဟပ်ဖြူဟာ အတိတ်ကို.. ''"တော်တော့ ကောင်းကင် မင်းပြောသလို ကလေးဟာ
အတိတ်ကို ပြန်သတိရလာခဲ့ရင်တောင် ငါအစကနေပြန်စမယ်''*ကလေးငယ် မင်းလေး ဘယ်ကိုရောက်ရောက် ကိုယ်တွေ့အောင်ရှာမယ် ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပြီး
ကလေးကို ကိုယ်ရအောင်ရှာမယ် ကိုယ့်ကိုမမှတ်မိတော့ရင်တောင် ကိုယ်အစကနေပြန်ချစ်ပေးမယ် ထားဝရကလေးကိုယ့်နားမှာ နေရမယ်*အရမ်းသံယောဇဥ်ကြီးလွန်းတဲ့ စွမ်းထက်
ကလေးငယ်ကို လွမ်းနေရတာ တစ်လဆိုပေမယ့် သူ့ရင်ထဲ နှစ်နဲ့ချီနေသလို ခံစားရတယ် ဒီရက်တွေမှာ ကလေးငယ် ဘာတွေလုပ်နေလဲ ဘယ်မှာနေလဲ ကောင်းကောင်းမွန်မွန် ရော်စားရရဲ့လား ဘယ်လိုနေထိုင်နေရလဲ အရမ်းသိချင်မိတယ် ဒီတစ်ခါပြန်တွေရင် ဒီရင်ခွင်ကျယ်ထဲက ဘယ်တော့မှ ထွက်ခွာခွင့် ပေးတော့မည် မဟုတ်ပါ လက်ထဲမှာ ကလေးငယ်ကျန်ခဲ့တဲ့ ဖုန်းလေးရယ် တင်ထားတဲ့ နှစ်ယောက်တွဲပုံ wallpaper လေးရယ် ကြည့်နေရင် မျက်ရည်ဥများ တစ်လဲ့လဲ့ ဖြစ်လို့နေသည်
ကလေးငယ် ဆော့ထားတယ့် Mobile Game လေးကို လွမ်းတိုင်း ဆော့ရတာ အတော်လေးတောင် ကျွမ်းကျင်နေပါပြီ
ကလေးလေး ပြန်ရောက်လာရင် အတူတူဆော့မယ်ဆိုတဲ့ အတွေးလေးကလည်း ရှိနေသေး..."အကိုလေး ထမင်းစားရအောင်လေ''
"အင်''
"ကြီးစိန် အပေါ်ထပ်မှာဘဲစားရအောင် အပေါ်မှာပြင်ပေးနော်
အကိုလေးသုပ်ခိုင်းထားတဲ့ ကြက်ခြေထောက်သုပ်လေးပါယူခဲ့နော်''
"ကောင်းပြီ သားရေ''ဝမ်းနည်းမှုတွေနဲ့အတူ နဂိုလို ဆူညံမှုမရှိ စကားသံကျယ်ကျယ်လေးများမရှိ ခိုးထွက်သွားတဲ့ ကလေးငယ်တွေမရှိ
ဆူစရာမရှိ စိတ်ဆိုးစရာမရှိတော့တဲ့ အိမ်ကလေးဟာ
အလွန်ပင် တိတ်ဆိတ်လို့နေပေသည် အေးစက်နေတဲ့ နှလုံးသားငယ်နဲ့အတူ နွေးထွေးမှုမရှိတဲ့ ထမင်းဝိုင်းလေးကို စတင်ခဲ့လေသည်
VOCÊ ESTÁ LENDO
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်