တောင်းပန်ပါတယ် ကလေးရယ်

613 18 8
                                    

Unicode💔💔

ဒေါက် ဒေါက်.....

"မိန်မိန်း ကိုကိုပြန်လာပြီလေ ကလေး ပိုးဟပ် တံခါးဖွင့်ပါအုံး''

စွမ်းထက် တံခါးကို အတင်းတွန်းဖွင့်ပေမယ် အထဲမှလော့ချထားဟန်ရှိသည် စိတ်ဆိုးနေတာလား စိတ်ကောက်နေတာလား စိတ်ဆိုးချင်းဆို သူက ဆိုးရမှာမဟုတ်ဘူးလား
အခု ဆူဖို့ကို တစ်ယောက်က ဖျားနေတယ်
တစ်ယောက်ကလည်း တံခါးလော့ချထားသေး
သူ့ကံမကောင်းပါလား အဆိုးလေးနှစ်ယောက်ကို ပူပေါင်းပေးမိတာဘဲ မှားတာလား ကောင်းကင်ကလည်း ရင့်ကျက်နေပြီထင်ခဲ့တာ သူလည်းကလေးတစ်ယောက်နဲ့မခြားနားပေ

"ကလေး ကိုကိုခေါ်နေတယ်လေ တံခါးဖွင့်ပေးပါ

တံခါးဖွင့်နော် ကလေး
မိန်မိန်းရေ တံခါးဖွင့်ပေးပါ ကိုကိုပြောတာကြားလား''. .....

အစကတော့ ကြိတ်ငိုနေတာမြင်မှာဆိုးလို့ တံခါးလော့ချထားပေမယ် ခုကိုကို့ရဲ့ တံခါးဖွင့်ပေးပါဟူသော ဆက်တိုက်ကြားနေရသောအသံကြောင့် သူ့ရဲ့ခေါင်းက ထိုးကိုက်လာခဲ့သည်
ဒီမြင်ကွင်းကို သူ့ခေါင်းထဲ အသေစွဲလန်းနေသလိုမျိုးဘဲ ကြားရတဲ့အသံ တံခါးထုသံတွေက အတွေးတွေကိုရှုပ်ထွေးစေတယ် တစ်ဖြည်းဖြည်း ခေါင်းကလည်းအဆမတန်အောင် ကိုက်ခဲလာတယ် နားနှစ်ဖက်ကို လက်နဲ့စုံပိတ်ပြီး ကုတင်ဘေးကို တစ်ဖြည်းဖြည်း ကပ်လာကာ ပုံရိပ့်တစ်ချို့တို့ကလည်း ရောထွေးနေလေတယ် မျက်ရည်များကလည်းတစ်သွင်သွင် စီးကျနေသည် ကုတင်ဘေးနားက စားပွဲပေါ်က ဖန်ခွက်ကို ယူ၍ တံခါးဆီသို့ ပစ်ပေါက်ခွဲပစ်လိုက်သည်

"တော်ပါတော့!!!!!!!!!!!!!!'' သည်းမခံနိုင် သည့်အဆုံး

ထိုအသံကိုကြားတဲ့ စွမ်းထက်ကတော့ အပြင်ဘက်မှာ တုန်လှုပ်သွားခဲ့လေသည်

"ကြီးစိန်! !!သော့အပိုပေး အခု မြန်မြန်''

တံခါးသော့ကိုအမြန်ဖွင့်ကာ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ချို့က ထိတ်လန့်စေသည်
ခပ်မြန်မြန် ကုတင်နားပြေး၍ ကလေးငယ်ကို တင်ကျပ်စွာဖတ်ထားလိုက်ပါတော့သည်

"ကိုကို ရှိတယ်လေ မိန်မိန်း ဘားမှမဖြစ်ဘူးနော် ဘားမှမဖြစ်ဘူး မကြောက်နဲ့ ကိုကိုဘေးမှာရှိနေမယ်နော်''

ကိုယ့်ရဲ့ ဘုရင်လေးNơi câu chuyện tồn tại. Hãy khám phá bây giờ