"အကိုတို့ကားနဲ့ လိုက်ပို့ပေးမယ်လေ''
"မလိုဘူး''ဘုန်းခက နေသာ့အား တစ်ချက်လှမ်းကြည့်လိုက်လေသည်
"အကို ခ တို့မလိုက်တော့ပါဘူး ကားပါလာလို့ပါ''
"ဒါဆို ကလေးတို့ မုန့်လိုက်စားပါလား''
"စားနိုင်တယ် လူကြီးရေ''
ဘုန်းခအောင်က မျက်လုံးနဲ့ချိတ်နေသော်လည်းမသိချင်ယောင်ဆောင်ကာ စွမ်းထက်ပြောသမျှကို ကပ်ကပ်လန် ပြန်ပြောနေပေသည်
သို့သော်လည်း စွမ်းထက်ခင်ဗျာ စွာတေးလန်လေးကို အရင်ထက်တောင်ပိုချစ်လို့နေပေသည် ဘာဘဲပြောပြော မမြင်ရမတွေ့ရတာထက်စာရင် ဒီလိုလေးက ပိုပျော်ဖို့ကောင်းသည်
*ဘယ်လို နှာဘူးကြီးလဲမသိဘူး ကြက်သီးထစရာကြီး အကြည့်က အမလေးးး*
"ခ''
"ဗျာ''
"ကို မနက်ဖြန်လာအုံးမှာမို့ ခ ကိုယ်တိုင်သင်ပေးရမယ်နော်''
"စိတ်ချပါ ခ သင်ပေးပါ့မယ်''
ကောင်းကင်နဲ့ ဘုန်းခတို့က ခုမှလူချင်းရင်းနှီးနေပေမယ့် လွန်ခဲ့တဲ့တစ်လထဲက တစ်ခဏဘဲ မြင်ခဲ့ရပေမယ် နှလုံးသားထဲမှာ မှတ်ကျောက်လို့စွဲနေတာကြောင့် အကြည့်တွေကအစ နက်နဲလွန်းပေသည်
"ဘုန်းခ သွားမယ်''
". .....''လှည့်ထွက်သွားသော ကလေးငယ်ကို စိုက်ကြည့်နေကာ
တစ်ခြားသူလက်ကိုဆွဲသွားသောကြောင့် ရင်ထဲမှာ စိတ်မကောင်းဖြစ်မိတာတော့အမှန်ပင် ဒီအခြေအနေကို လက်မခံချင်ပေမယ့် ကလေးငယ်က သူ့ကိုနည်းနည်းလေးမှ မှတ်မိပုံမရပေ....."ဘုန်းခ ငါမေးပါအုံးမယ် မင်းအဲ့ဒီ့ ကောင်းကင်ဆိုတဲ့ လူကို စိတ်ဝင်စားနေတာလား''
". .......''
"ဟမ်!!!!!!!!!!''
"မင်း....ယောကျာ်း မဟုတ်ဘူးလား''
"ဟုတ်ပါတယ် ငါက Boyစစ်စစ်''
"ဒါဆို မင်းး ဟင်းး ''
"ဘားမှမပြောနဲ့တော့ နေသာ မနက်ကျောင်းစောစောသွားရအောင်''
"ဘာဖြစ်လို့လဲကွာ အိပ့်ရေးပျက်တယ်''
"ကို နဲ့ချိန်းထားတယ် မနက်စာစားဖို့ ''
VOUS LISEZ
ကိုယ့်ရဲ့ ဘုရင်လေး
Roman d'amourပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်