လွမ်းတယ်

504 16 6
                                    

"ခင်ဗျား ကျွန်တော့်အခန်းထဲ ဘယ်လိုရောက်လာတာလဲ''

"ကိုကို လမ်းလျှောက်ဝင်လာတာပါ ကလေး''

"ဟမ်းးး ဘာတွေလဲ ထွက်သွားအခန်းထဲက ကမ္ဘာကျော်နှာဘူးကြီး ကျွန်တော်က ယောကျ်ား ဗျ''

အိမ်ချင်မူးတူးရုပ်ကလေးကို မမြင်ရတာကြာလို့လားမသိ
သိပ့်ချစ်ဖို့ကောင်းလို့နေပေသည် အသားဖြူဖြူလေးတွေက
ဆွဲဆောင်လွန်း ပန်းရောင်သန်းနေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေ ကလည်း လှနိုင်လွန်း ဆံပင်စုတ်ဖွားလေးနဲ့ ရန်တွေ့နေတဲ့ ကလေးငယ်ကို ရင်ခွင်ထဲထည့်ပြီး ဖတ်ထားချင်မိပေမယ့် သူပြောတဲ့အတိုင်းဘဲ ပြုံးစိစိနဲ့ခေါင်းလေးငြိမ့်ကာ အခန်းထဲက ထွက်သွားလေသည်
အပြင်ရောက်သွားပြီး မျက်နှာလေးက အလွန်ကျေနပ်နေပုံ
ကလေးငယ်ရဲ့ သူအရမ်းလွမ်းနေတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်ရသည်မို့ပင်
တံခါးအတွင်းဘက်မှ ကလေးငယ်ကလည်း သူနှုတ်ခမ်းလေးကိုကိုင်ကာ....

"ဘာလို့ ရင်းနှီးနေရတာလဲ ဘယ်လိုကြီးလဲ ငါ့ကဘာလဲ''

သူ့ကိုယ်သူပြန်မေးနေရင်း ရေချိုးခန်းသို့ဝင်ပြီး ရေချိုးသည် သွားတိုက်တော့လည်း သူ့နှုတ်ခမ်းလေးကိုကိုင်ကာ
တစ်ခုခုကို စဉ်းစားနေပုံ

"ဘာလို့လဲ အားးး စိတ်ရှုပ်လိုက်တာ ငါ ဆွဲထိုးပစ်ရမှာ ဒီလက်တွေက ဘာဖြစ်သွားတာလဲ''

ပါးစပ်ကနေပွစိပွစိပြောနေရင်း ကျောင်းသွားဖို့ပြင်ဆင်လိုက်လေသည်

"အကိုလေ အထိုးခံလိုက်ရသေးလား''

"ဘာ!!''

နဂိုနဲ့မတူ စွာတေးလန်လေးကို သွားနှိုးရတာမို့ အောက်ထပ်မှာစောင့်နေရတဲ့ ဘုန်းခနဲ့ကောင်းကင်က စိတ်ပူစွာ ထိုင်စောင့်နေရင်းမှ အကိုလေးကိုမြင်လို့ ထမေးလိုက်ခြင်းပင်

"ငါက အထိုးခံရစရာလား ကောင်းကင် ငါနှိုးခဲ့ပြီးပြီ
ခု ကလေးရေချိုးနေတယ် ခဏနေဆင်းလာလိမ့်မယ်''

"ဟုတ်ကဲ့''

သူတို့နှစ်ယောက် ရဲ့နေသာကို ကလေး ကလေးနဲ့ ဘာ့ကြောင့်ခေါ်နေလဲဆိုတာကို သူမေးချင်မိသည် သို့သော် သူ့ရဲ့အကျင့်အတိုင်း ပါးစပ်က ဘယ်တော့မှပြောမည်မဟုတ်ပါ သူ့ရဲ့အတွေးထဲမှာတော့ မေးခွန်းများဖြင့်ပြည့်နေသည်
သူအသိချင်ဆုံးက ကောင်းကင်ယံမှာ ချစ်ရမည့်သူ ရှိပြီလဆိုတာပါဘဲ ဘယ်သူ့ကိုမှ မချစ်ဘူးခဲ့တဲ့ အချစ်မျိုးနဲ့ကောင်းကင်အပေါ် သူရင်ခုန်နေမိသည် ဖွင့်ပြောလိုက်ချင်ပေမယ့် အထင်သေးသွားမလား အခုလိုဆက်ဆံရေးလေးပင် ပြတ်ပြယ်သွားမှာကို စိုရိမ်နေမိသည် သူ့ထက်လည်းအသက်ကွာနေတော့ သူ့ကိုလက်မခံမှာ အရမ်းစိုးရိမ်သည် ဒီနေ့လည်းစမတ်ကျစွာ သပ်ရပ်နေတဲ့ကောင်းကင်ကို ကြည့်နေမိသည် အရပ်ချင်းမကွာတာကြောင့် သူ့နဲ့သာ လိုက်ဖတ်နေတယ်လို့ တစ်ဖတ်သက်ကြီးကို ခံစားနေသည်.....

ကိုယ့်ရဲ့ ဘုရင်လေးDonde viven las historias. Descúbrelo ahora