"ကိုကို ဂဏန်မဆလာရယ် ဝက်စနူးရယ် ဝက်နံရိုးကြာစွယ်ရယ်မှာပေးပါ''
"ဟူတ်ပီ ကလေး ကိုကိုမှာလိုက်မယ်နော်''
"ဟုတ်''
"အော် ကိုကို ဖတ်ထုပ်ပြုတ်ရော်ဘဲ''
"ဟုတ်ပီ ကလေး ခဏစောင့်နော်''
ဆိုင်သို့ရောက်ရောက်ချင်းဘဲ မနားတမ်းစားချင်တာတွေကိုမှာနေတာ အရမ်းကိုချွဲပစ်နေတာဘဲ ရုံးပတေသီးလေးကျလို့
သူ့ရှေ့တည့်တည့်မှာထိုင်နေတာက မေဇာသာ
ကောင်းကင်ယံ ကတော့ ကလေးငယ်ရဲ့ညာဘက်မှာကပ်ထိုင်လိုက်သည် ကိုကိုက ဘယ်ဘက်မှာပေါ့ တခြားသူတွေကတော့ နေရာတကျ အစီရီထိုင်ပြီး တစ်ယောက်တစ်ပေါက်မှာနေကြသည် စွမ်းကတော့ ကလေးမှာတာတွေကို စားဖိုမှူးဆီသွားပြီးသေချာမှာနေသည် ကလေးငယ်က အစပ်မကြိုက်သောကြောင့် အစပ်မထည့်ဖို့ နံနံပင်မသုံးဖို့ ဟင်းရည်ကို ပူပူလေးလုပ်ပေးဖို့ ဂဏန်းကို အသားလေးတွေသေချာခွာခဲ့ဖို့ တစ်ခုချင်းစီအသေးစိပ် မှာရင်းအလူပ်ရှုပ်လို့ပေနေသည်မေဇာသာကတော့ သူ့အကြံစည်အောင်မြင်တယ်လို့ တာသွေးဝါ ပြောလိုက်ပေမယ့် ပိုးဟပ်ဖြူက ဘားမှမဖြစ်နေတော့ မယုံသလို ယုံသလိုနဲ့ လိုက်စပ်စုနေလေသည်
စိတ်ထဲမှာလဲ တော်တော် ခေါင်းမာတဲ့ကလေးဟုဆိုကာ
မျက်နှာမှာအမူယာက ပေါ်လို့နေပေသည် တစ်ခြားသူတွေကိုဖော်ဖော်ရွေရွေ ဆက်ဆံနေပေမယ့် သူ့စိတ်ထဲ ပိုးဟပ်ကို ဆရာ့နားက ထွက်သွားအောင် လုပ်ဖို့ အမျိုးမျိုးအကြံထုတ်နေလေသည်"ကိုကောင်း ရေခဲမုန့်စားချင်တယ်''
"ညီ ထမင်းအရင်စားလေ ပြီးမှ အချိုစား အကိုသွားယူပေးမယ်နော် ''
"ဟာ မရဘူး မရဘူး ခုစားမှာဘဲ''
"လိမ်မာပါတယ်ညီရယ် မဆိုးရဘူးလေ လူကြီးတွေရှိတယ်''
"ဟွန့် မရဘူး ခုစားချင်တယ် chocolate အရသာဘဲ စားမယ်
သွားယူပေးပါ''"ညီ... ရှူးးးး တိုးတိုးလေး အငိုရဘူး''
အရှေ့တည့်တည့်က မေဇာကတော့ အတော်လေးအမြင်ကပ်နေပုံပင်
ထိုအမူယာကို လှမ်းမြင်လိုက်တဲ့စွမ်းထက်က စိုးရိမ်စိတ်တွေ နဲ့ ကလေးငယ်အနားကို ခပ်မြန်မြန် လျှောက်လို့လာခဲ့သည်
အနားရောက်တော့ ကလေးငယ်ရဲ့ခေါင်းကို ခပ်ဖွဖွလေးပုတ်ကာ
YOU ARE READING
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်