ချစ်လှပါချည်ရဲ့

376 15 0
                                    

"မောင်လေး သက်သာရဲ့လား အဖျားကတော့မရှိတော့ပါဘူး ခဏနေ ညစာစားကြမယ်နော် အခုတော့ အနားယူလိုက်အုံး''

မေဇာဟာ ချစ်လှစွာသော မောင်လေးကို ကလေးလေးတစ်ယောက်ပမာဂရုစိုက်ကာ ညစာစားဖို့ပြင်ဆင်နေသည်

"နေသာ ငါသွားတော့မယ် ဒီမှာ အိတ် ခဏနေသူနာပြုရောက်လာလိမ့်မယ်''

"မင်းမနေတော့ဘူးလား ''

"Omm မနေတော့ဘူးလေ မင်းအစ်မလည်းပြန်ရောက်နေပြီဆိုတော့ ငါမနှောက်ယှက်တော့ဘူး''

ဘုန်းခနှုတ်ဆက်တာကိုကြည့်ရင်း ရင်ထဲမှာ အစ်မကြောင့်
ဝမ်းနည်းဝမ်းသားဖြစ်မိသည်
ငယ်ငယ်လေးထဲက အစ်မဆိုတာ မသိခဲ့ပေမယ့် နွေးထွေးသလိုခံစားမိသည် မိသားစုတစ်ခုရလိုက်သလိုပါဘဲ
သို့သော်လည်း စိတ်ထဲ ရန်သူတွေလိုမျိုး ခံစားချက်ကြီးကပေါ်ပေါ်လာတယ်... အတော်လေးလည်းရင်းနှီးနေသယောင်..တစ်ခုခုကိုသိသလိုလိုနဲ့ မသိဘူးဖြစ်နေတယ်

(ဘားမှမဟုတ်ဘူး မမဆောင်းဖြစ်နေတာ😁)

.......

တီ တီ.....

ခြံရှေ့ကားအနက်ရောင်တစ်စီးရဲ့ ခေါ်သံကြောင့် အဘတသ်ယောက် ခြံတံခါးကိုအပြေးလေး သွားဖွင့်ပေးလိုက်သည်

"ဟာ စွမ်းထက် သားပါလား လာကွယ် ဝင် ဝင်''

စွမ်းထက်တစ်ယောက်ကားကိုအိမ်ရှေ့အထိရပ်လိုက်ပြီး ကားထဲပါလာသော လက်ဆောင်ပစ္စည်းတစ်ချို့ ဖွေးရွနေသော နှင်းဆီပန်းစည်းဖွေးဖွေးလေးတစ်ခုကို တစ်ယုတစ်ယ
ကိုင်ဆောင်ကာ အိမ်ထဲသို့ဝင်လာခဲ့လေသည်
အိမ်ထဲရောက်တော့ မွေးကြိုင်နေတဲ့ ဟင်းနံများက ဆွဲဆောင်လွန်းလှပေသည်..သို့သော်လည်း ကလေးငယ်ရှိရာသို့သာ ခြေဦးတည့်လိုက်သည် သူကလေးလေးကို စိတ်ဆိုးပြေအောင်ချော့ရအုံးမည်မဟုတ်လားးး

"ဆရာ''

အသံကြားရာလှည့်ကြည့်လိုက်တော့ မေဇာသာဖြစ်နေသည်

"ဆရာ အိမ်ကိုတောင် သိနေပါလား''

သိရဲ့သားနဲ့စချင်လို့ တမင်မေးလိုက်ချင်းပင်

"ဗျာ ဟုတ် အင် ဟုတ်တယ် ကလေးဆီလာတာ''

"ဟယ် ပန်းစည်းလေး လှလိုက်တာမေဇာ့ အတွက်လား''

ကိုယ့်ရဲ့ ဘုရင်လေးOnde histórias criam vida. Descubra agora