📳📳ရင်ခုန်သံမင်း နားကြပ်လေးနဲ့နားဆင်ပါအုံး📳📳
"Hello"
"နေသာ အိပ့်နေပြီလား"
"ဟုတ် အကိုရော် ဘာလုပ်နေလဲ အသံလည်းမကောင်းပါလား နေမကောင်းဘူးလား"
"ကောင်းပါတယ် ဘားမှမဖြစ်ပါဘူး ဒီတိုင်း---------"
"အကို အကို!!!Hello Hello အကို ကြားလား ကျွန်တော်ပြောနေတာကို Hello"
သူရတစ်ယောက် နေသာ့ကိုဆုံးရှုံးနေရပြီဆိုတဲ့ စိတ်က ရူးသွပ်နေလေပြီ ပြန်ရောက်ထဲက ဘားတစ်ခုမှသောက်နေတာ အခုဆို ည ၂နာရီတောင်ကျော်နေပါပြီ မပိုင်ဆိုင်ရဘူးဆိုတာသိသိရက်နဲ့ ရှေ့ကိုတိုးခဲ့ပြီးမှ တစ်ကယ်တမ်း စွန့်လွတ်ရတော့မယ်ဆိုတဲ့အသိလေးက နှလုံးသားတစ်ခုလုံး မုန်တိုင်းထန်စေသည် အရိပ့်တစ်ကြည့်ကြည့် နေလာခဲ့ပြီးမှ ပိုင်ရှင်လက်ထဲပြန်အပ်လိုက်ရတာဟာ ရင်ထဲဆူးတစ်ချောင်းလာစိုက်နေသလို အဆိပ့်ရည်လူးထားတဲ့ မြှားကြောင့် နှလုံးသားတစ်ခုလုံး တစ်စစီ ကြေပွနေသည်
"ကိုယ် မင်းကို သိပ့်ချစ်တယ် နေသာ"
ဖုန်းကိုမချဘဲ မူးနေတဲ့အသံဖြင့် ခပ်သဲ့သဲ့လေသာ
"ကိုယ့်ကိုမထားခဲ့ပါနဲ့လား"
----------_--------------_--------
"မိန်မိန်းးးးး"
ဘေးမှာအိပ့်နေတဲ့ စွမ်းထက် ရုတ်တရက်ထလာပြီး အော်လိုက်တဲ့အသံက ပိုးဟပ်ဖြူ တစ်ယောက် အတော်လေးကို တုန်လှုပ်သွားစေသည်
"ကို ကိုကို"
"ဒါ ဘာလုပ်နေတာလဲ မိန်မိန်း"(ထိန်းမရတဲ့ ဒေါသအိုး)
"ဟို ဟို ကလေး ကိုသူ သူ သူရဖုန်းဆက်လာလို့ပါ"
"ခု ပေး အဲ့ဒီ့ဖုန်း"(အသံက မြင့်သထက် မြင့်လာသည်)
ကလေးငယ်လက်ထဲက ဖုန်းကို အတင်းဆွဲယူပြီးတစ်စစီဖြစ်အောင် လုပ်ပစ်လိုက်လေသည်
"ကိုကို "
"ဘားမှလာမပြောနဲ့ ပိုးဟပ်ဖြူ"
ဒါဟာ ဒုတိယအကြိမ်မြောက် နာမည်အပြည့်အစုံခေါ်လိုက်ခြင်းပင်
ကလေးငယ်ကိုထားခဲ့ပြီး တစ်ခြားဘက်အခန်းမှာ သွားအိပ့်နေလေသည် တစ်ညလုံးတော့ အိပ့်ပျော်မည်မဟုတ်ပါ
သိပ့်ချစ်တဲ့ ကလေးက သူမကြိုက်ပါဘူးလို့ ပြောထားတဲ့အရာတစ်ခုကို လုပ်လိုက်တာဟာ သူ့ရင်ကို ပိုနာကျင်စေသည်
DU LIEST GERADE
ကိုယ့်ရဲ့ ဘုရင်လေး
Romantikပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်