မထားခဲ့ပါနဲ့ ကိုကို

469 12 0
                                    

Unicode💜

မိုးတွေသည်းကြီးမဲကြီးရွာသွန်းနေပြီး မိုးတစ်ခြိမ်းခြိမ်းနဲ့မို့
တအားတွေချမ်းပြီးခန္ဓာကိုယ်လေးပါတစ်ချက်ချက် တုန်ရီလာကာ နှုတ်ခမ်းများပါ ပြာလာသည်။ကားလည်းတားမစီးသလို အကူညီလည်းမတောင်း ကျောပိုးအိတ်အနက်ရောင်ကလေးကို တစ်ရွတ်တိုက် ဆွဲလာကာ မိုးနဲ့အတူ မျက်ရည်များရောလိုနေသည် ကိုကို သူစိမ်းမိန်းကလေးကို ရယ်မောစွာ ဆက်ဆံပြီး ကြင်နာနေတာကို မျက်လုံးထဲက ထုတ်ပစ်လို့ပင်မရ ခေါင်းထဲရောက်လာတိုင်းမှာလည်း နှလုံးသားတစ်ခုလုံးနာကျင်လာရတယ် ကိုကို ကျွန်တော့်ကို မချစ်တော့ဘူးလား ကိုကို့ဒယ်ဒီက သွေးထိုးထားတာလား
ကျွန်တော့်အပေါ်ရိုးသွားတာလား.. ရုံးထဲကိုတောင်မဝင်မခံတာက ကိုကို့အခန်းထဲ ထိုမိန်းကလေးရှိနေတာကြောင့်လား
ကိုကိုရယ်...ကျွန်တော် သိပ့်ချစ်တာ မသိလို့များလားဗျာ..

ချုန်း.....အုန်း.းး

"အမလေး! !!''

မိုးခြိမ်းသံကြောင့် ကလေးငယ် အတော်ကြောက်သွားပြီး
နားနှစ်ဖက်ကို လက်ကလေးနဲ့အုပ်ကာ မြေပြင်ပေါ် ထိုင်ချမိလိုက်ပါတော့သည်...မိုးရွာထဲ အတော်ကြာကြာနေလာခဲ့ရတာကြောင့် အအေးမိကာ မျက်လုံးများပြာလာပြီး အတော်ပင်အားနည်းလာသည်..အပူရှိန်တွေတတ်နေတာကိုပင် သူမသိ...ရင်ထဲကအပူမီးက ပိုလို့နေသည်။

"ဟာ နေသာ ''

နာမည်ခေါ်တာလေးကိုတောင် နားထဲမကြားတကြား
ဘာဆိုဘာမှမသိတော့ပါ.....

"Hello ကိုစွမ်း အိမ်ပြန်လိုက်ပါတော့ ကျွန်တော် နေသာ့ကို တွေ့ပါပြီ ''

"ခ မင်းဘယ်မှာလဲ ငါအခုလာမယ် မင်းစောင့်နေ''

"လာချင်ရင် ကိုစွမ်း အိမ်ဘဲလိုက်ခဲ့လိုက်တော့ မစောင့်နိုင်တော့လို့ပါ''

"Ok ခ''

ဘုန်းခ မြေပြင်ပေါ်လဲနေသော သူ့သူငယ်ချင်ကို အတော်ကို စိုးရိမ်စိတ်တွေ ကြီးစိုးလို့နေသည် ခေါ်တာလဲမကြား
နဖူးလေးစမ်းကြည့်တော့ ခြစ်ခြစ်တောက်ပူလိုနေသည်
ပါးစပ်ကလည်း( မထားခဲ့ပါနဲ့နော် )ဆိုတာ အပ်ကြောင်းထပ် ...သူ့ကို အဲ့ဒီ့လောက်တောင်ချစ်တာလားကွာ ကားကို အရှိန်မြင့်ကာ အိမ်ကိုမမောင်းနိုင်တော့ဘဲ ဆေးရုံသို့ တန်းမောင်းလာခဲ့ရတော့သည်....

ကိုယ့်ရဲ့ ဘုရင်လေးTempat cerita menjadi hidup. Temukan sekarang