Unicode❣❤
"Hello ကိုမင်း ကျမ စုံစမ်းခိုင်းထားတာ လေး သိရပြီလား''"ဟုတ်ကဲ့ မမလေ နေသာလျှံ က အခု ဒေါ်ရွှေလွန်းတင်တို့နဲအတူမရှိပါဘူး သူတို့နဂိုနေတဲ့ ကနေဒါမှာ စုံစမ်းရသလောက်
ရွှေလွန်းတင်နဲ့ခုသူနောက်ယူထားတဲ့ ယောကျားဘဲရှိပါတယ်''ဒီသတင်းကိုကြားလိုက်ရတဲ့ ကျမနားတွေကို ဘယ်လိုယုံရမလဲ မောင်လေး ကသူနဲ့အတူမရှိဘူးဆိုတော့ မောင်လေးဘယ်မှာများရှိမလဲ အိမ်ကိုလည်းရောင်းသွားသေးတယ်
မောင်လေးရယ် ဘယ်မှာလဲ ကောင်းကောင်းမွန်မွန် ရော်နေနေရရဲ့လား အဆင်မှပြေရဲ့လား ရောင်းစားခံလိုက်ရတာတော့မဟုတ်လောက်ပါဘူးနော် မဖြစ်ဘူး မဖြစ်ဘူး မောင်လေးကို ငါတွေ့အောင်ရှာမယ် မိထွေးဆိုတဲ့ စကားလေးအတိုင်းဘဲ သိပ့်ရက်စက်တယ် ဒေါ်လွန်းရယ်မေဇာသာတစ်ယောက် မောင်ကိုလွမ်းတဲ့စိတ်တွေနဲ့ အအိပ့်ပျက်အစားပျက်နဲ့ အခုလည်း ရင်ထဲအလုံးကြီးဆို့နင့်နေသည်
မျက်ရည်များကိုလည်းအနိုင်နိုင်ထိန်းထားနေရတယ်"မမလေး.... မမလေး''
"အော်... ဟူတ်..ဟုတ်ကဲ့ ကျမ ကြားပါတယ် ကိုမင်း
ဒေါ်လွန်းတို့အကြောင်းလည်းမလွတ်စေနဲ့ ကနေဒါက ဘွားမေတို့နဲ့လည်းအဆက်သွယ်မပြတ်စေနဲ့နော် အဓိကကတော့ မောင်လေးအကြောင်းပါ သူဘယ်မှာရှိမလဲဆိုတာ အရင်စုံစမ်းပေးပါ''ငိုမဲ့မဲ့ ဖြစ်နေတဲ့အသံလေးကို မနည်းထိန်းနေရသည်
"ဟူတ်ကဲ့ နားလည်ပါပြီ ခင်ဗျာ''
************************************
ကျွီ........ပိုးဟပ်တစ်ယောက် ကိုကိုအိပ့်နေတဲ့အခန်းထဲ တံခါးလေးအသာတွန်းဖွင့်ပြီး တိုးတိုးလေးဝင်လာခဲ့လေသည်
အိပ့်ယာပေါ် ဘေးတစ်စောင်းလေးအိပ့်နေသော ကိုကို့အား စောင်လေးဆွဲခြုံပေးလိုက်သည်
ကုတင်ပေါ်ဘေးတစ်စောင်းတင်လေး
တင်ရုံတင်ထားကာဆွဲဆောင်မှုရှိနေသော ကိုကို့ရဲမျက်နှာလေးကို ငုံကြည့်မိနေသည်"ဟင်း...ကိုကိုဘာလို့ချစ်ဖို့ကောင်းနေရတာလဲ ကျွန်တော်ကိုစိတ်ဆိုးနေတာတောင် ဆူပုတ်နေတဲ့ကိုကိုက ကျွန်တော့်နှလုံးသားကို လွမ်းမိုးနေတယ် အဲ့ဒါကို ကိုကို သိရဲ့လား
ကျွန်တော်ကို ဝမ်းနည်းအောင် မလုပ်ရဘူးလေ ညနေက ကျွန်တော် အရမ်းဝမ်းနည်းတယ် ကိုကိုသိလား''
YOU ARE READING
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်