ဆေးပိုက်လေးသွင်းပြီး Dr. . အခန်းထဲမှ ထွက်သွားလေသည် ဘုန်းခကတော့ နေသာ့နားမှ တစ်ဖဝါးမှမခွာဘဲ ဖြူဖျော့နေတဲ့ လက်ကလေးကိုဆုပ်ကိုင်ကာ မျက်ရည်ဥများဖြင့် သေသေချာချာ မျက်နှာလေးကိုစေ့စေ့ကြည့်လို့နေပေသည် သူချစ်ရတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော သူငယ်ချင်းလေးမဟုတ်လား ဘာတွေခံစားနေရလို့ ဒီလောက်ထိ ဖြစ်သွားရတာလဲ ညနေကျောင်းဆင်းထဲက သူအိမ်ကိုအရင်မပြန်သင့်ဘူး ...ခုလိုဖြစ်ရတာ သူ့ရဲ့ဂရုမစိုက်နိုင်ခဲ့မှုတွေပါ...တွေးရင်းတွေးရင်း ရင်ထဲဆို့နစ်လာကာ အသံထွက်လာတဲ့အထိ ခေါင်းလေးကိုငုံ့ကာ တစ်ရှုတ်ရှုတ် ငိုနေမိတော့သည်....
"မိန်မိန်း!!!''
စိုးရိမ်စိတ်တွေ အပြည့်ဖြင့် ပြေးလာသော စွမ်းထက်ကိုမြင်တော့ ဒေါသစိတ်တွေ တစ်ထောင်းထောင်း ထွက်လာကာ
သူစိတ်သူမထိန်းနိုင်တော့ဘဲ..ခွပ်!!!!!
"ဟာ ခ! !!''
ကြမ်းပြင်ပေါ် လဲကျနေသော စွမ်းထက်ကို ထူရင်း ခ ကို
ဘာ့ကြောင့် ဒီလိုလုပ်ရတာလဲဆိုတဲ့ အကြည့်လေးကို
ကောင်းကင်ယံ သေချာကွဲပြားစွာ ကြည့်လိုက်သည်.."ခ မင်းစိတ်ဆိုးမယ်ဆိုလည်းဆိုးပါ ထိုးချင်ရင်လည်းထပ်ထိုးပါကွာ ဒါပေမယ့် အခုတော့ အကို့ကို ကလေးနဲ့ ခဏလောက် နေခွင့်ပြုပါ အကို ကလေးနားမှာ နေချင်လို့ပါကွာ
အကိုတောင်းပန်ပါတယ် ကွာ''မျက်ရည်တွေအပြည့်ဖြင့် အသံကိုမတိုးလွန်းမကျယ်လွန်းဘဲ
ပြောလာတဲ့ အကို့ကို သနားပါတယ် ဒါပေမယ့် နေသာအခုလိုတွေဖြစ်တာ အကို့ကြောင့်မို့ ခွင့်မလွတ်နိုင်ပေ
တစ်သက်လုံး ဘယ်သူ့အသားကိုမှ နာကျင်အောင်မလုပ်ခဲ့ပေမယ့် အခုတော့ ထိုးတောင်ထိုးတတ်နေပြီ နေသာသတိရလာရင်တော့ သူသိပ့်ချစ်ရတဲ့ ချစ်သူကို ကိုယ်ထိလက်ရောက် စော်ကားလို့ စိတ်ဆိုးနေမှာတော့အသေချာပင်..
ဘားမှကို ဆက်မပြောနိုင်တော့ဘဲ အခန်းထဲက ထွက်သွားပေးလိုက်သည်.."မိန်မိန်း..ကိုကိုတောင်းပန်ပါတယ် နော်
ကိုယ့်ကြောင့် အခုလိုဖြစ်ရတာပါ
ကိုယ်တောင်းပန်ပါတယ် တောင်ပန်တယ်ဆိုတဲ့ စကားလေးနဲ့မလုံလောက်ပေမယ့် ဒီတစ်ခုကလွဲရင် ကိုကိုမပြောတတ်တော့လို့ပါ ကလေးရယ်''ဆေးအရှိန်ကြောင့် မှိန်းနေပေမယ့် နေသာဖြစ်ပျက်သမျှအားလုံးကို မသိစိတ်က သိလို့နေကာ နထင်နားကနေ မျကိရည်များကျလို့နေပေသည် ဒါတွေဟာ သူ့မသိစိတ်ထဲမှာ သူ့ချစ်သူကို ဘယ်လောက်ထိချစ်တယ်ဆိုတာ အသိသာ..
လက်ကလေးကိုတင်းကျပ်စွာဆုပ်ကိုင်ပြီးခေါင်းငုံ့ငိုနေတဲ့
စွမ်းကတော့ ကလေးငယ်ပါလိုက်ငိုနေတာကို မသိရှာပါ
စတွေ့ထဲက သဲသဲလှုပ် ချစ်ရတဲ့ စွမ်းအဖို့ သူ့ကြောင့်
ကုတင်ပေါ်ဆေးချိတ်နေရတဲ့ ကလေးငယ်ကို ရင်ကျိုးမရဖြစ်လို့နေသည်"မိန်း.. သတိရလာရင် ကိုယ်မိန်းစားချင်တာတွေ အများကြီးချက်ကျွေးမယ်နော် ဂိမ်းတွေလည်းတူတူဆော့မယ်
စကိတ်လည်းအတူတူစီးကြမယ်နော်''.....
"ခ မငိုနဲ့တော့နော် မျက်လုံးတွေလည်းရဲနေပြီလေ တော်တော့နော် ''
အခန်းရှေ့ထိုင်ခုံပေါ်မှာတောင်မထိုင်နိုင်ဘဲ အေးစက်နေသော ကြမ်းပြင်ထက်ပစ်ထိုင်ကာ ငိုနေသော ဘုန်းခကို
ကောင်းကင် အတော်လေး နှစ်သိမ့်နေရသည်
သံယောဇဉ် ကြီးလွန်းတဲ့ ခ ကြောင့် အရမ်းလည်းအံသြမိ
ပိုးဟပ်ကို သူအဲ့လောက်ချစ်လိမ့်မည်ကို လုံးဝ မထင်ထားပါ"အကို အကိုတို့အိမ်မှာ ကျွန်တော့်သူငယ်ချင်ကို ဘယ်လိုမြင်နေကြတာလဲ''
ရုတ်တရက်မေးလာတဲ့ အမေးကြောင့် ကောင်းကင်ဖြေရခက်လှသည်
"နောက်တော့ အကိုရှင်းပြပါ့မယ်ကွာ''
အသံလေးကို နှစ်ကိုယ်ကြားယုံမျှသာ ပြောလိုက်ပြီး
တစ်ချက်ချက် ပုခုံးလေးတွန့်တွန့်ပြီးငိုနေတဲ့ ပေါက်စကို ရင်ခွင်ထဲထည့်ပြီး အနမ်းလေး တစ်ပွင့်ကို အဖြူသက်သက်... နှစ်နှစ်ခြိုက်ခြိုက် ပေးလိုက်ပါတော့သည်Thanks all Readers
Noe Noe..........
ESTÁS LEYENDO
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်