ဂရုစိုက်မှုတွေ

442 15 1
                                    

"ဟမ်းးး ဘယ်လိုဖြစ်တာလဲ ''

"ဟာ ညီနဲ့တော့ကွာ ခ သေတော့မှာပဲ လူနာကိုတတ်ဖိထားသလား အောင်းမေ့ရတယ်''

ကောင်းကင်ပြောလည်းပြောစရာ ဘုန်းခဘေးမှာအိပ့်နေတဲ့နေသာက ခြေထောက်တစ်ဖက်ကို ဘုန်းခ ပေါင်ပေါ်ပစ်တင်ထားပြီး ခေါင်းကလည်း ဘုန်းခရဲ့ လက်မောင်းပေါ်တွင် လက်တစ်ဖက်ကလည်း ဘုန်းခလည်ပင်းနားမရောက်တစ်ရောက် အားရပါးရခွပြီး အိပ့်ပျော်နေရှာသည် ဒါတောင် လူနာ ဘုန်းခလေးကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ့်ပျော်နေသည် သူတို့ကိုကြည့်ရတာ အရမ်းကို ဖြူစင်ပြီး အပြစ်ကင်းလွန်းလှပေသည်

ကျော်စွာရဲ့ အမြန်အဆန်ဖုန်းဆက်ပြီး မင်းရဲ့ကလေး ဆေးရုံရောက်နေတယ် ငွေလာရှင်းပေးဆိုတဲ့ စကားကြောင့်
စွမ်းထက်တစ်ယောက် ပျာပျာသလဲ ရုံးကနေပြေးလာရခြင်းပင် ကောင်းကင်ယံလည်းအတူပါလာခဲ့ခြင်းပေ

ကောင်းကင်ယံရဲ့ဘေးကနေသူ့ကလေးကိုပွစိပွစိပြောနေတဲ့စကားကြောင့် ဘုန်းခရင်ခွင်ထဲရောက်နေတဲ့ ကလေးငယ်ကို
အသာယာပွေ့ဖတ်ပြီး ဘေးနားကကုတင်ဘေးပေါ်ကိုသေချာစွာ နေရာချထားပေးပြီး စောင်လေးကို ရင်ဘက်နားထိဆွဲခြုံပေးလိုက်လေသည် အခွင့်ရေးရတုန်းကလေးငယ်က်ု နမ်းချင်ပေမယ့် ဘေးကနှစ်ယောက်ကြောင့် စိတ်ထဲ မနည်းထိန်းချုပ်ထားလိုက်ကာ ပါးအိအိလေးကိုသာ လိမ်ဆွဲလိုက်ပေသည်

*ကလေးလေး နောက် သူများရင်ခွင်ထဲ ရောက်နေရင် ကိုကို ခွင့်မလွတ်ဘူးနော်*

ကောင်းကင်ကတော့နှလုံးသားတစ်ခုလုံးပေါက်ကွဲထွက်တော့မည်အလားထိန်းမရသိမ်းမရဖြစ်လို့နေပေသည် မျက်ရည်များကလည်းတစ်သွင်သွင် စီးကျနေသည် ဖြူဖျော့နေတဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး ဝမ်းနည်းလို့နေပေသည်
သူ့ဒီကလေးလေးကိုများ ချစ်မိနေပြီလား.....
ရင်ထဲမှာ ပြောစရာတွေများစွာရှိနေသည်....

"ကောင်းကင်''
"ဟုတ်ကဲ့အကိုလေး''

ခေါ်ရာကိုလှည့်ကြည့်လိုက်ပြီး မျက်ရည်များ ကပြာကယာသုတ်လိုက်သည်

" အဲ့လောက်လည်း ဝမ်းမနည်းပါနဲ့ကွာ သူပြန်ကောင်းလာမှာပါ အဆင်ပြေသွားမှာပါ ''

ကိုယ့်ရဲ့ ဘုရင်လေးWhere stories live. Discover now